7 ပတ် - ဘာသာပြန်ပါ။

Skype ဝန်ဆောင်မှု ဖျက်သိမ်းတော့မယ့် Microsoft
ဒေါ်လာ ၈ ဘီလျံကျော် ပေးဝယ်ခဲ့တဲ့ Microsoft လုပ်ငန်းတစ်ခု သိပ်မကြာခင် ပိတ်တော့မှာပါ။
၂၀၀၀ ပြည့်လွန်နှစ်တွေက အင်တာနက်ဗွီဒီယိုဆက်သွယ်ရေးလောကကို ကြီးစိုးခဲ့တဲ့ Skype ကို Microsoft က ဖျက်သိမ်းမယ်လို့ ကြေညာလိုက်တာပါ။ Skype ကို လာမယ့် မေလကစပြီး သုံးလို့ ရတော့မှာ မဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ X စာမျက်နှာကနေ အတည်ပြုပါတယ်။
Microsoft ဟာ ၂၀၁၁ မှာ Skype ကို ဒေါ်လာ ၈.၅ ဘီလျံ ပေးဝယ်ခဲ့ပြီး အောင်မြင်တဲ့ ဝန်ဆောင်မှုအဖြစ် မောင်းနှင်ခဲ့တာပါ။ Skype ကို Microsoft က Office နဲ့ တခြား products တွေထဲ ပေါင်းစည်းခဲ့ပြီး လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။ Skype ဟာ ခေတ်သစ်ဆက်သွယ်ရေးလောကပုံဖော်ရာမှာ အရေးပါခဲ့တဲ့ service တစ်ခု ဖြစ်ခဲ့ပါတယ်။

image