8 ပတ် - ဘာသာပြန်ပါ။

#နိုင်ငံတကာသတင်း
◼ AI ဖြင့်ဖန်တီးထားသော Trump Gaza ရုပ်သံကိုထရန့်မျှဝေမှုဝေဖန်မှုများထွက်ပေါ်
AIနည်းပညာဖြင့်ဖန်တီးထားသည့်ဂါဇာအပန်းဖြေစခန်းရုပ်သံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်း၏ဆိုရှယ်အကောင့်တွင်မျှဝေခဲ့သည့်အပေါ် Truth နှင့်အင်စတာဂရမ်လူမှုကွန်ရက်သုံးစွဲသူအများအပြား၏ဝေဖန်ရှုတ်မှုများအ လျင်အမြန်ထွက်ပေါ်လာခဲ့ပြီး၎င်းတို့ထဲတွင်ရီပတ်ဘလီကန်များဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ်ထုတ်ဖော်ပြောကြားသူများပင်ပါဝင်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသကိုပင်လယ်ကွေ့နိုင်ငံ အပန်းဖြေစခန်းပုံစံဖန်တီးထားပြီးထရန့်၏ ရွှေ ရောင်ရုပ်တု၊ အရှေ့ အလယ် ပိုင်း ဒေသအစားအစာစားနေသည့်အီလွန်မာ့စ် နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်မပါသော ထရန့် နှင့် နေ တန်ယာ ဟုတို့ကမ်းခြေတွင် အပန်းဖြေနေသည့်မြင်ကွင်းများပါဝင်သော AI ရုပ်သံတစ်ခု ကိုထရန့်၎င်း၏ Truth ဆိုရှယ်အကောင့်တွင်မျှဝေခဲ့သည်။
“နောက်ထပ်လိုဏ်ခေါင်းတွေ မရှိတော့ဘူး၊ နောက်ထပ်ကြောက်စရာမလိုတော့ဘူး။ နောက်ဆုံးတော့ Trump Gazaကဒီမှာပဲ။”ဟုစာသားများပါဝင်သည့်အကစည်းချက်သီချင်းဖြင့်ရုပ်သံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့သည့်အင်္ဂါနေ့နှောင်းပိုင်းတွင်ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
စက္ကန့်၃၀‌ကျော်ကြာမြင့်သည့်အဆိုပါရုပ်သံမှာအစ္စရေးအားထောက်ခံသည့်လူမှုကွန်ရက်များတွင်အရင်ပျံနှံခဲ့ပြီးနောက်ထရန့်၏ Truth မီဒီ ယာနှင့် အင်စတာဂရမ် အကောင့်များပေါ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဂါဇာ၌ဆိပ်ကမ်းသာပုံစံအပန်းဖြေနေရာ၌အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့်ထရန့်တို့အတူတကွအနားယူနေသည့်မြင်ကွင်းများပါဝင်သည့်ရုပ်သံကိုထရန့်ကမျှဝေခဲ့သည့်အပေါ်ဟားမားစ်အဖွဲ့ကလည်းပြစ်တင်ရှုတ်ချခဲ့သည်။
ယင်းမှာပါလက်စတိုင်းပြည်သူများ၏ယဉ်ကျေးမှုနှင့်အကျိုးစီးပွားကိုထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကြောင်းဟားမားစ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူဘာဆမ်နာအင်ကပြောသည်။
အဆိုပါရုပ်သံကို “Nazi Hunters ”အမည်ရှိအစ္စရေးအားထောက်ခံသည့် X အကောင့်တစ်ခု ကဖေ ဖော်ဝါရီ ၇ ရက်တွင်အစောဆုံးတင်ထားခဲ့ခြင်းဖြစ်သည်။
ထရန့် မျှဝေထားသော ဗီဒီယိုကို ဂါဇာဒေသအပျက်အစီးများတစ်လျှောက် ခြေဗလာဖြင့် လျှောက်သွားနေသည့် ပါလက်စတိုင်း ကလေးများမြင်ကွင်းများဖြင့် စဖွင့်ထားပြီး What’s next? ဆို သည့်စာသားရေးထိုးထားသည်။
ထို့ပြင်အဆိုပါရုပ်သံတွင် မုတ်ဆိတ်မွေးများပေါက်နေသည့်ဘီကီနီဝတ် ဗိုက်သားလှုပ်အကမယ်များ၊ ထရန့် ဦးခေါင်းပုံ ရွှေရောင်မိုးပျံပူဖေါင်းကိုင်ဆောင်ထားသည့် ပါလက်စတိုင်းကလေးတစ်ဦး၊ အီလွန်မာ့စ် တို့က ကမ်း ခြေ၌အမေရိကန်ဒေါ်လာများကြဲပြီးကခုန်နေပုံများနှင့်“TrumpGaza”ဟုအမည်ပေးထားသောဇိမ်ခံဟိုတယ်မြင်ကွင်းများကိုလည်းအဆိုပါရုပ်သံတွင် ထည့်သွင်းဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း ၂ဒသမ ၁ သန်းကိုရွှေ့ပြောင်းပြီး အမေရိကန် ပိုင်အရှေ့အလယ်ပိုင်း၏အပန်းဖြေနေရာအဖြစ် ပြောင်းလဲရန် သမ္မ တထရန့်ယခုလအစောပိုင်းတွင် အဆိုပြုခဲ့သည်။
ထရန့်၏ယင်းအဆိုပြုချက်သည် နိုင်ငံတကာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း အနောက်ဘက်ကမ်း အခြေစိုက် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ကပြောကြားခဲ့သည်။
ထို့ပြင်ဒေသတွင်းနိုင်ငံများကလည်းအပြင်းအထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြသကဲ့သို့ကမ္ဘာ့နိုင်ငံအများစုကလည်းပြစ်တင်ရှုတ်ချခဲ့ကြသည်။
“ဒီမတိုင်ခင်ကျွန်တော်တို့ကိုနှင်ထုတ်ဖို့ကြိုးစားခံခဲ့ရပြီးပြီ၊ နောက်ထပ်ဒီလိုအဖြစ်ခံမှာမဟုတ်ပါဘူး။” ပါလက်စတိုင်း နိုင်ငံခြားရေး၀န်ကြီး ဗာဆန်အက်ဂ်ဘီကီယန်ရှာဟင်းက ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲအတွင်းသိန်းနှင့်ချီသောပါလက်စတိုင်းများအိုးအိမ်မဲ့ဖြစ်ခဲ့မှုကိုရည်ညွှန်းပြောကြားသည်။
သို့ရာတွင်ထရန့်က ၎င်း၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်း ရှိ၊ မရှိရှင်းရှင်းလင်းလင်းမရှိသေးပေ။
“ဒါကိုလုပ်ဖို့ နည်းလမ်းက ကျွန်တော့်ရဲ့ အစီအစဉ်ပါ။ ဒါက တကယ်အလုပ်ဖြစ်တဲ့ အစီအစဉ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အတင်းအကြပ် မလုပ်ပါဘူး။”ဟုအီဂျစ်နှင့် ဂျော်ဒန်ခေါင်း ဆောင်များထံမှ အပြင်းအထန်ကန့်ကွက်မှုကို လက်ခံရရှိပြီးနောက်ထရန့်က ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားသည်။

image