8 w - Translate

625. Deja Vu (2018) 👈

လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်…ဝူဂျင်နဲ့ဂျီမင်တိုက သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်…

အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလိုစိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်…. ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား….အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတိုမသိကြသောအခါ…အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ….ဆိုတာဆက်လက်စောင့်ကြည့်ကြဖိုတိုက်တွန်းလိုက်ပါရစေ

image