သာပေါင်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၁၄ ဦး နီးစပ်ရာဆွေမျိုးများထံ နေထိုင်နေရ
ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၄ ဦးမှာ နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်နေရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်းနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ ဓနိမိုး၊ ဓနိကာ ကြမ်းခင်းနေအိမ် တစ်လုံး၊ အလျား ၁၅ ပေ၊အနံ ၁၅ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဥ်ခင်း နေအိမ် တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ထရံကာ၊ ပျဥ်ခင်းနေအိမ်တို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့်လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
နေအိမ်ပြိုကျမှုနှင့် အမိုးလန်မှုများကို စက်ဒေါင့်ကြီးနယ်မြေမီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းမျာလုပ်ဆောင်ပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က လေပြင်းဒဏ်သင့်မိသားစုဝင် ၁၄ ဦးကို နီးစပ်ရာဆွေမျိုးများထံ နေရာချထားပေးခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး



