8 ပတ် - ဘာသာပြန်ပါ။

တံငါသည်တစ်ဦး ဖမ်းမိခဲ့တဲ့ ဂြိုလ်သားခေါင်းနဲ့တူတဲ့ ပင်လယ်ငါး

ရုရှားလူမျိုးတံငါသည် ရိုမန်း ဖိဒို့စ်ဟာ ငါးပိုက်ကွန်မှာ မတော်တဆဖမ်းမိခဲ့တဲ့ ထူးဆန်းပင်လယ်သတ္တဝါတွေရဲ့ပုံရိပ်တွေကို သူ့အင်စတာဂရမ်အကောင့်မှာ မကြာခဏမျှဝေလေ့ရှိပါတယ်။ သူ့ကို ပုံမှန်မဟုတ်တဲ့ အဏ္ဏဝါသက်ရှိဘဝတွေကို မျှဝေရာမှာ လူသိများပါတယ်။

အခုတစ်ခါ သူဖမ်းမိခဲ့တာကတော့ ဂြိုလ်သားခေါင်းနဲ့တူတဲ့ ပင်လယ်ငါးတစ်ကောင်ကိုပါ။ အဲ့ဒါငါးကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို သူ့အင်စတာဂရမ်မှာ မျှဝေလာခဲ့တာပါ။ သူ့ရဲ့ငါးဖမ်းလှေပေါ်မှာ အဲ့ဒီငါးကို တင်ပြီး ရိုက်ပြခဲ့တာပါ။ တချို့လူမှုကွန်ယက်အသုံးပြုသူတွေက ဒါဟာ ၁၀၀ ရာခိုင်နှုန်းဂြိုလ်သားဖြစ်တယ်လို့ မှတ်ချက်ပေးကြသလလို တချို့ကလည်း အဲ့ဒီငါးကို ဖျက်ဆီးပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ထင်ကြေးပေးနေကြပေမဲ့ အဏ္ဏဝါ ဇီဝဗေဒ ပညာရှင်တွေကတော့ Lumpsuckers လို့ခေါ်တဲ့ ငါးတွေက ရေနက်ပိုင်းကနေ ဆွဲယူလိုက်တဲ့အတွက် မြန်ဆန်တဲ့ဖိအားအပြောင်းအလဲကြောင့် အသွင်အပြင်က အဲ့ဒီလိုဖြစ်သွားရတာဖြစ်တယ်လို့ ရှင်းပြကြပါတယ်။

image