အမိုက်စား Copilot feature နှစ်ခု free ပေးသုံးလိုက်တဲ့ Microsoft
အခုနောက်ပိုင်း AI ကုမ္ပဏီတွေက တော်တော်လန်းတဲ့ feature တွေ အခမဲ့ချပေးလာပါတယ်။ AI ပြိုင်ပွဲအရှိန်တက်လာလေလေ ကြားထဲက users တွေ ပစ္စည်းကောင်း အလကားသုံးရလေလေပါပဲ။
Microsoft လို လက်တွန့်လွန်းတဲ့ ကော်ပိုရေးရှင်းကတောင် Copilot users တိုင်းကို အဆင့်မြင့် AI feature နှစ်ခုကို စိတ်ကြိုက် free သုံးဆိုပြီး ချပေးလိုက်လို့ပါ။ Microsoft က Copilot သုံးသူတွေကို OpenAI ရဲ့ o1 model နဲ့ မောင်းထားတဲ့ Voice နဲ့ Think Deeper ဆိုတဲ့ features တွေကို unlimited အလကားပေးသုံးခွင့် ပြုလိုက်ပါတယ်။
ဒီ tool နှစ်မျိုးလုံးက Copilot ကို ပိုရှုပ်ထွေးခက်ခဲတဲ့ မေးခွန်းတွေ/task တွေကို ရှင်းနိုင်ဖို့နဲ့ သုံးတဲ့သူနဲ့ AI အကြား ပိုပြီး လူဆန်ဆန် natural ဖြစ်အောင် ဆက်ဆံနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ AI နဲ့ ဘာသာစကားသစ် လေ့ကျင့်သူတွေ ၊ AI ကို ကိုယ့်လုပ်ငန်းခွင်ထဲက အခက်အခဲလေးတွေ ဖြေရှင်းဖို့ အကူအညီတောင်းချင်သူတွေနဲ့ အလုပ်ခွဲလုပ်ခိုင်းချင်သူတွေတော့ အကြိုက်တွေ့မှာပါ။
Voice က Copilot နဲ့ လူတွေ အပြန်အလှန် စကားပြောနိုင်မယ့် feature ပါ။ Voice သုံးပြီး ဘာသာစကားသစ် တော်ကီပစ် လေ့ကျင့်လို့ ရသလို အလုပ်အင်တာဗျူး အစမ်းလေ့ကျင့်တာမျိုးလည်း လုပ်လို့ ရတာပါပဲ။ နောက်ဆုံး ဘယ်ဟင်း ဘယ်လိုချက်ရမလဲဆိုတာပါ Voice ဆီက အကြံတောင်းလို့ ရပါတယ်။
Think Deeper က အဆင့်မြင့်တွေးနိုင်စွမ်း reasoning model သုံးထားတဲ့ features ဖြစ်ပြီး ခဲရာခက်ဆစ်တွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဥပမာ - ပစ္စည်းတစ်ခုခု ဝယ်ဖို့ စဉ်းစားရခက်နေရင် Think Deeper နဲ့ တိုင်ပင်လို့ ရပါတယ်။ Think Deeper က အကျိုးသင့်အကြောင်းသင့်နဲ့ ရှင်းပြပါလိမ့်မယ်။
ဒီ features တွေကို Unlimited Free Access ရမှာက တော်တော်လေး မိုက်ပါတယ်။ တစ်ခုရှိတာက သုံးတဲ့သူ သိပ်များလွန်းတဲ့အချိန်မျိုးဆို လိုင်းပြတ်တာ ၊ reply ကြာတာတွေ ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါမျိုး features တွေကို free သုံးခွင့်ရတာနဲ့တင် ကျေနပ်စရာပါပဲ။
