ဆီးရီးယား နိုင်ငံလုံးဆိုင်ရာ ညီလာခံစတင် ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲကို ပြန်လည်ဖွဲ့စည်းမယ်လို့ ယာယီသမ္မတပြော
ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၂၆
ဆီးရီးယားနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာညီလာခံကို မြို့တော်ဒမတ်စကတ်မှာ မနေ့က စတင်လိုက်ပြီး မျိုးနွယ်စုနဲ့ဘာသာပေါင်းစုံက ကိုယ်စားလှယ် ၅၀၀ ကျော်တက်ရောက်နေတယ်လို့ ကြားဖြတ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ညီလာခံကို မူလစီစဉ်ထားတာထက် တလကျော်နောက်ကျခဲ့ပြီး ဆွေးနွေးမှုတွေမှာတော့ အဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးတို့ အဓိကပါဝင်နေပါတယ်။
ဆီးရီးယားကို ပြည်သူတွေလက်ပြန်အပ်တယ်လို့ ယာယီသမ္မတ အာမက်အယ်လ်ရှာရာက ပြောပါတယ်။ နိင်ငံအနာဂတ်ကို ဆွေးနွေးကြဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့ ပြည်သူတွေကို ယာယီသမ္မတ ရှာရာက တိုက်တွန်းပါတယ်။
ဆီးရီးယားမြောက်ပိုင်းမှာ ဆက်လက်တိုက်ခိုက်နေတဲ့ အစိုးရဟောင်းထောက်ခံသူတွေအပြင် ကာ့ဒ်တပ်ဖွဲ့တွေကိုပါ လက်နက်ဖြုတ်သိမ်းဖို့၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းမယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့တဲ့ သမ္မတအာဆတ်ကို ဒီဇင်ဘာလမှာ ရာထူးကနေ ဖြုတ်ချလိုက်ပြီးနောက် လက်ရှိဆီးရီးယားကြားဖြတ်အစိုးရဟာ နိုင်ငံပြန်လည်တည်ဆောက်ရေးတွေကို လု်ပဆောင်နေပြီး နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေးကိုလည်း တောင်းဆိုနေပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ပြည်သူသိန်းချီသေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ သတိပေးထားပါတယ်။
Ref:NHK
Photo:AFP
#သတင်းဟင်းလေးအိုးကြီး
