8 w - Translate

ကန္တာရ သဲကြောင် - Sand Cat
ကမ္ဘာ့ပေါ်မှာ ထူးဆန်းအံ့ဖွယ် တိရစ္ဆာန်တွေ အများကြီးရှိတဲ့အထဲမှာမှ သဲကြောင်ဟာလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။
သဲကြောင် (Sand Cat) တွေကို အာဖရိကမြောက်ပိုင်းနဲ့ အာရှအနောက်တောင်ပိုင်းက သဲကန္တာရတွေမှာ တွေ့ရတက်ပြီး၊ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ တူနီးရှားနိုင်ငံတွေနဲ့ အာရေဗျကျွန်းဆွယ်မှာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။
သဲကြောင်တွေဟာ သာမန်အိမ်ကြောင်တွေနဲ့ မတူဘဲ သီးသန့် "မျိုးရိုးစစ်" ကြောင်တွေ ဖြစ်ပါတယ်။ တခြားကြောင်မျိုးစိတ်တွေနဲ့ မိတ်လိုက်ခြင်း မရှိပါဘူး။
နေ့ဘက်မှာတော့ တွင်းထဲမှာ ခိုအောင်းပြီး ညဘက်ရောက်မှသာ အစာရှာထွက်လေ့ ရှိပါတယ်။ သူတို့ရဲ့ အဓိက အစာတွေကတော့ ကြွက်လို သတ္တဝါငယ်လေးတွေ၊ ပိုးကောင်မွှားကောင်လေးတွေ၊ တွားသွားသတ္တဝါလေးတွေ၊ ငှက်ငယ်လေးတွေနဲ့ အဆိပ်ရှိတဲ့ မြွေတွေ ဖြစ်ပါတယ်။
သဲကြောင်တွေရဲ့ အမဲလိုက်ပုံက ထူးခြားပါတယ်။ သားကောင်ကို တွေ့တာနဲ့ လျှပ်စီးလို လျင်မြန်စွာ ခေါင်းကို ရိုက်ချလိုက်ပါတယ်။
ပြီးရင်တော့ လည်ပင်းကို အားနဲ့ ကိုက်ခဲပြီး သားကောင် သေဆုံးတဲ့အထိ မလွှတ်တမ်း ကိုက်ထားတတ်ပါတယ်။ သားကောင်ကြီးတွေကို ဖမ်းမိရင်တော့ သဲထဲမှာ မြှုပ်ထားပြီး ဗိုက်ဆာတဲ့အခါမှ ပြန်တူးဖော် စားသောက်တတ်ပါတယ်။
ရေကို သီးသန့် သောက်သုံးဖို့ မလိုဘဲ သားကောင်တွေဆီက ရတဲ့ အရည်တွေနဲ့ပဲ အသက်ရှင် ရပ်တည်နိုင်ပါတယ်။
သဲကြောင်တွေမှာ ထူးခြားတဲ့ အကြားအာရုံ ရှိပါတယ်။
သဲအောက် မြေတွင်းထဲမှာ ပုန်းနေတဲ့ ကြွက်တွေရဲ့ အသံသေးသေးလေးတွေကိုတောင် ကြားနိုင်စွမ်း ရှိပါတယ်။ အဲဒီအသံကို နားထောင်ပြီး သဲတွေကို တူးဖော်ကာ သားကောင်ကို ဖမ်းယူတတ်ပါတယ်။
ရန်သူကို ထောက်လှမ်းတဲ့အခါမှာလည်း ထူးခြားတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ လည်ပင်းကို သဲနဲ့ ကပ်၊ နားရွက်နှစ်ဖက်ကို မြေကြီးနဲ့ ပြားကပ်ထားပြီး ရေဒါစနစ်တွေလိုပဲ အလျားလိုက် ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အရောင်ဟာ ပတ်ဝန်းကျင် သဲကန္တာရနဲ့ ရောထွေးနေတာကြောင့် သားကောင်တွေ သတိမထားမိဘဲ အလွယ်တကူ ဖမ်းယူနိုင်တာ ဖြစ်ပါတယ်။
သဲကြောင်တွေဟာ သဲကန္တာရရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို အံတုရင်း ရှင်သန်နေထိုင်နိုင်ဖို့ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အံ့ဖွယ်သတ္တဝါလေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ အပြုအမူတွေ၊ ရှင်သန်နေထိုင်မှုပုံစံတွေဟာ လေ့လာစရာတွေ အများကြီး ရှိနေပါသေးတယ်။
သို့သော်လည်း စိတ်မကောင်းစရာအချက်မှာ သဲကြောင်တွေဟာ နေထိုင်ရာဒေသများ ပျက်စီးခြင်း၊ အမဲလိုက်ခံရခြင်းနဲ့ တရားမဝင် အိမ်မွေးတိရစ္ဆာန်အဖြစ် ကုန်ကူးခံရခြင်းတို့ကြောင့် မျိုးသုဉ်း‌ေတာ့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
#knowledge

image