8 w - Translate

စိတ်နာတယ်ဆိုတာ ...
တကယ်တမ်းကျတော့
ကိုယ့်ကို ထိခိုက်နာကျင်စရာတွေပဲ
ပေးနေပြီဆိုတာမှန်း
လက်ခံတတ်သွားတဲ့ သဘောပါပဲ ။
စွဲလမ်းတဲ့ စိတ်လေး
ချစ်တဲ့ စိတ်လေး
လုံး၀ ကုန်ဆုံးသွားစေနိုင်တဲ့အထိ
ကိုယ့်အပေါ် လုံးလုံးပြန်လှည့်မကြည့်တဲ့အခါမှာမှ
သူ့အလိုလို ဖြစ်ပေါ်လာတဲ့
ခံစားချက်မျိုးပါပဲ ။
စိတ်နာလိုက်တာဆိုပြီး
ပြောလိုက်ရုံနဲ့
စိတ်နာတတ်သွားခဲ့တာမျိုး မဟုတ်ဘူး
စိတ်နာသွားပြီဆိုရင်
အရင်က ကိုယ်ဘယ်လောက်နှစ်သက်တဲ့
အရာပဲဖြစ်ဖြစ်
ဘယ်လောက် လိုချင်တောင့်တခဲ့တဲ့
လူကိုပဲဖြစ်ဖြစ်
လှည့်ကို မကြည့်ဖြစ်တော့တာမျိုးပါပဲ
ငါ နင့်ကို စိတ်အရမ်းနာတယ်ဆိုပြီး
ဖွင့်ပြောဖြစ်ကောင်း ဖွင့်ပြောဖြစ်လိမ့်မယ်
များသောအားဖြင့်တော့
အဲ့လိုမျိုး ပြောရမှာကို
မပြောချင်တော့တာ ပိုများပါတယ် ။
ကိုယ့်ဘ၀ထဲမှာ ဘယ်တုန်းကမှ
မရှိခဲ့တော့သလိုမျိုး
နောက်တစ်ကြိမ် ပြန်တွေ့ဖြစ်ရင်တောင်
ဘယ်တုန်းကမှ မဆုံခဲ့ဖူးသလိုမျိုး
အဲ့ဒီ လူနဲ့ ...ပတ်သက်ခဲ့တဲ့
မှတ်ဥာဏ်ပဲဖြစ်ဖြစ် အမှတ်တရတွေပဲဖြစ်ဖြစ်
အနာတရတွေကိုပဲဖြစ်ဖြစ်
စိတ်ထဲကနေ အပြီးတိုင်းထုတ်လိုက်ခြင်းမျိုးပါပဲ
တစ်နည်းပြောရရင်...
အဲ့ဒီလူက ...
ကိုယ့်ကမ္ဘာမှာ
သေဆုံးသွားခဲ့တဲ့ လူပါပဲ ။
ကျေးကို

image