တလောတုန်းက Apple CEO - Tim Cook နဲ့ လက်ရှိ US သမ္ပတ - Donald Trump တို့ တွေ့ဆုံပြီး စကားပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီး အခုဆို Apple ကနေ US နိုင်ငံအတွင်းမှာ နောက်ထပ် (၄) နှစ် - (Donald Trump ရဲ့ သမ္ပတသက်တမ်းအတွင်း) ဆောင်ရွက်သွားမယ့် ရင်းနှီးမြုပ်နှံမှုတွေကို တရားဝင် ကြေညာလိုက်ပါပြီ...။
Apple ဟာ လာမယ့် (၄) နှစ်တာ သက်တမ်းအတွင်းမှာ US နိုင်ငံအတွင်း ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြုပ်နှံသွားမယ်လို့ ပြောကြားခဲ့ပြီး လက်ရှိ အလုပ်အကိုင်ပေါင်း ၂.၉ သန်းအပြင် နောက်ထပ် လူဌားရမ်းမှုပေါင်း ၂၀,၀၀၀ ခန့် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီလိုမျိုး US နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အဓိကဖြစ်လာမှာက ၂၀၂၆ မှာ ဖွင့်လှစ်သွားမယ့် Foxconn နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Houston, Texas က Chip Manufacturing Factory အသစ်ပဲဖြစ်ပါတယ်။ အဆိုပါ Chip ထုတ်လုပ်မှုစက်ရုံအသစ်ဟာ အဓိက Apple Intelligence - AI ပိုင်းအတွက် ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး အသုံးပြုမယ့် AI Server တွေအကုန်လုံးကို လက်ရှိ မမိတ်ဆက်ရသေးတဲ့ TSMC က ထုတ်ပေးထားတဲ့ High-end M5 Chip တွေကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။
ဒါကြောင့် ရေရှည်မှာ Apple ဟာ Chip ထုတ်လုပ်မှုအပိုင်းတွေ၊ AI ပိုင်းတွေကို US ပြည်တွင်းမှာပဲ အကုန်လုံးထုတ်လုပ်နိုင်ဖို့ စတင်စီစဥ်နေပုံပါပဲ။ အခုဆိုရင်လည်း iPhone 16e မှာ ကိုယ်ပိုင် Apple C1 Modem ကို ထုတ်ပြနိုင်ခဲ့သလို ဒီ C1 ဟာ လာမယ့် Apple Product တွေအတွက် ရေရှည်နည်းဗျူဟာအတွက် အစခြေလှမ်းသာဖြစ်တယ်ဆိုပြီးလည်း ဆိုထားတယ်။ တလောက သတင်းထွက်ခဲ့သလို iPhone 18 Series အကုန်မှာ Apple C2 Modem ကို ပြောင်းသုံးမယ့်အပြင် နောက်ပိုင်း Modem ကိုပါ သီးသန့်မခွဲတော့ပဲ Processor နဲ့အတူ SoC အနေနဲ့ တွဲသွားမှာက သေချာသလောက်ပဲ။
ဘာပဲဖြစ်ဖြစ် ဒီလို Apple က US နိုင်ငံအတွင်းမှာ ဒေါ်လာ ၅၀၀ ဘီလီယံလောက်အထိ ရင်းနှီးမြုပ်နှံပါမယ်ဆိုပြီး ကြေညာလိုက်တာက Donald Trump ရဲ့ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ပစ္စည်းတွေကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်နေပြီး Chip တွေ တင်သွင်းမယ်ဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းအထိ ပေးဖို့ ခြိမ်းခြောက်နေတာကို ရှောင်ရှားချင်တာကြောင့်ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် အရှေ့ပိုင်း ၂၀၁၈ တုန်းကလည်း Donald Trump သမ္ပတ စဖြစ်တုန်းက အလားတူ အခွန်တိုးကောက်ဖို့ဆောင်ရွက်ခဲ့ပြီး Apple ကလည်း အခုအတိုင်းပဲ US နိုင်ငံတွင်းမှာ ဒေါ်လာ ၃၅၀ ရင်းနှီးမြုပ်နှံပြီး Austin မှာ Campus အသစ်ဆောက်ပေးမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြီး တချို့သော Apple Product တွေအတွက် အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ဖူးပါတယ်။
ဆိုတော့ အခုလည်း Apple က ဒီလိုကြေညာလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာ Donald Trump ဘက်ကနေ Apple အတွက် အခွန်ကင်းလွတ်ခွင့်တချို့ကို ခွင့်ပြုပေးလောက်ပါတယ်။ Apple ဘက်ကတော့ အခုတရားဝင်ကြေညာချက်မှာ Apple ဟာ US အစိုးရအတွက် အခွန်ဆောင်မှုအများဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာကာလမှာ အခွန် ဒေါ်လာ ၇၅ ဘီလီယံနဲ့ ၂၀၂၄ မှာတင် ဒေါ်လာ ၁၉ ဘီလီယံ အခွန်ဆောင်ထားပါတယ်ဆိုပြီး ထည့်ရေးထားသေးတယ်။
User တွေအတွက်ကတော့ Apple က အခွန်ကင်းလွတ်ခွင့်ရလည်း US မှာ ပြောင်းထုတ်မယ်ဆိုရင် Apple Product တွေက စျေးတက်နိုင်ခြေပိုများပါတယ်... ဒါပေမယ့် နှစ်တိုင်း iPhone တွေက မထွက်ခင်အထိ စျေးတက်နိုင်တယ်လို့ သတင်းထွက်ပြီး Pro Model ကို $999 နဲ့ပဲ ရောင်းနေသေးတော့ စောင့်ကြည့်ရမှာပါ...။
