ဆော်ဒီဆိုတာနဲ့ လူတွေပြေးမြင်ကြတာ ရော်နယ်ဒိုပါပဲ။ ဆော်ဒီရဲ့ ဘယ်မှာမဆို ဂုတ်ကြီးရော်နယ်ဒို ရှိပါတယ်။ မနေ့ညက Riyadh မြို့မှာကျင်းပတဲ့ ဆော်ဒီဖလားမြင်းပြိုင်ပွဲကို အကြီးအကဲတွေနဲ့ ရော်နယ်ဒိုတက်ရောက်ခဲ့ပါတယ်။
ဆော်ဒီက ရော်နယ်ဒိုရဲ့ပုံရိပ်ကို ဘောလုံးအတွက်သာမကပဲ အခြားသောနေရာတွေအတွက်ပါ တကယ် အကျိုးရှိရှိအသုံးပြုနေတာပါ။ ဒီအတွက်ကြောင့်လည်း ဂုတ်ကြီးကို လစားအများဆုံးသော အားကစား သမားတစ်ဦးဖြစ်လောက်တဲ့အထိ ငွေပုံပေးထားရခြင်းရဲ့ အဓိက အကြောင်းရင်းပါ။
ရော်နယ်ဒိုကလည်း Social ပုံရိပ်ကြီးသူ ပီပီနဲ့ ဆော်ဒီအတွက် အကောင်းဆုံးပုံရိပ်မြင့်ပေးထားနိုင်တာကို တွေ့ရတယ်။ ရော်နယ်ဒို နဲ့ ဆော်ဒီဆိုတာကလည်း ခွဲခြားမရလောက်တဲ့အထိကို ဘောလုံးကမ္ဘာက လူတိုင်းက တွဲမြင်နေတော့တာပါ။
