အခုတလော တစ်ယောက်ယောက်ဆီက ပန်းတွေလိုချင်တယ်။
ဘယ်သူကပေးပေး အဲ့တာက သိပ်အရေးမကြီးပါဘူး။
အဓိက က ပန်းတွေလိုချင်တာပဲ...
ဘယ်သူ့ဆီကပဲ ဖြစ်ဖြစ်ပေါ့ ။
အထူးသဖြင့်ကိုယ့်အတွက် သီးသန့်ရည်ရွယ်ပြီး
ပေးမယ့်ပန်းတွေကို လိုချင်တာ...
လှလှပပ စည်းနှောင်ထားမယ့် အနီရဲရဲ နှင်းဆီတွေဖြစ်ဖြစ်၊
ရထားလမ်းဘေးက ကြယ်ပန်းတွေ ဖြစ်ဖြစ်၊
မြေနီလမ်းကလေးတွေဘေးမှာ ရှိတတ်တဲ့ မြေကပ်ပန်းဝါဝါလေးတွေ ဖြစ်ဖြစ်...
ပန်းတွေဖြစ်ရင် ပြီးတာပါပဲ...
ကိုယ့် အသိမိတ်ဆွေတွေကို ပန်းဝယ်ပေးဖို့ ပူဆာလို့ရသားပဲ.... ဒါပေမယ့် တောင်းဆိုမှရလာမယ့်အရာတွေကို ကျမလိုချင်ဘူးလေ...
' ကိုယ့်ကိုပန်းတွေပေးစမ်းပါ ' လို့ မပြောဘဲ
'ဒီမှာ မင့်အတွက် ' လို့လာပေးတာမျိုးကိုပဲ ကိုယ်က လိုချင်တာ ။
ဘာရယ်တော့မဟုတ်ပါဘူး…ပင်ပန်းရတဲ့အချိန်တွေမှာ ပန်းတွေရရင် နဲနဲတော့ စိတ်သက်သာရာ ရမယ်ထင်လို့ လေ...
အနားကလူတွေနေရာမှာ ပန်းတွေအစားထိုးပစ်လိုက်မယ် ဒီလိုဆို စိတ်ချမ်းသာရမယ်ထင်တာပဲ ။
" လူတွေနဲနဲ ပန်းတွေများများ " ပေါ့။
-ကြည်အေး-
