ညက ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီပွဲအတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း ၃ သောင်းကျော်အထိ အသုံးပြုသွားခဲ့တာပါ။ ကွင်းဘေးပတ်ပတ်လည်မှာ ရဲတပ်ဖွဲ့ဝင်တွေကို နေရာချထားခဲ့တာဖြစ်ပြီး တူရကီရဲ့ အကြမ်းတမ်းဆုံးပွဲအတွက် အာဏာပိုင်တွေ ပြင်ဆင်ခဲ့ရပါတယ်။
ဒီပွဲကလည်း အားလုံးသိတဲ့အတိုင်းပါပဲ။ ပြသနာတခုမဟုတ်တခုဖြစ်ပွားနေကျပါ။ ကွင်းထဲမှာ ကစားသမားတွေချင်း နောင်ဂျိန်ချရင်ချ၊ မချရင်စင်ပေါ်မှာ ပရိသတ်တွေ တီးနေကျပါ။ ဒါကြောင့်မို့ ကြိုတင်ကာကွယ်မှုတွေလုပ်ခဲ့ရပြီး ရဲတပ်ဖွဲ့အင်အား အများအပြားကို အသုံးပြုသွားခဲ့ရတာပါ။
ပွဲကြည့်စင်နဲ့အနီးဆုံး ကွင်းဘေးပတ်ပတ်လည်မှာ ပွဲမတိုင်ခင်ကတည်းက ရဲတပ်ဖွဲ့နေရာယူထားခဲ့ရတာပါ။ ဒါပေမယ့် ညကပွဲကတော့ ထင်မှတ်သလောက်အထိ ဖြစ်မလာခဲ့ပါဘူး။ ဂိုးမရှိသရေကျပြီး ပွဲက အေးအေးဆေးဆေးနဲ့ပဲ ပြီးသွားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကျမှ မော်ရင်ဟိုက ဂါလာတာစာရေးကစားသမားတွေ မျောက်လိုအောင်ပွဲခံတယ်လို့ ပြောခဲ့လို့ ပွဲနည်းနည်းဆူသွားခဲ့ပါတယ်။
