ကြက်ပဲရည်သုပ်
အလွန်လွယ်ပြီးအလုပ်မရှုပ်
ကြက်သားနဲ့သေချာသန့်စင်ထားတဲ့ကြက်မြစ်ကို
ဆားဆနွမ်း အရသာ ဇီယာမှုန့်(နဲနဲနဲ့) နယ်ထား
ပြုတ်မဲ့အိုးမှာ ဆီလေးနဲနဲ့ထဲ့ပြီးအသားနူးကြက်မြစ်နူးအောင်လုံးပြုတ်လေးပြုတ်လုံးထား ဒါဆို ကြက်သားကရပြီ
ပဲရည်ကျိုဖို့ ပဲစိမ်းမှုန့်ကို ဆနွမ်းမှုန့်လေးထဲ့ပြီးရေနဲနဲနဲ့ အရည်ဖျော်ထားရေနွေလေးဆူအောင်တည် ဆူတဲ့အခါပဲရည်ထဲ့ကျို ဝေမကျအောင်မပြတ်မွှေပေးနေ
ပဲဥလေးတွေပလုံစီလာပြီး ပဲစိမ်းနံ့ ဆနွမ်းမှုန့်နံ့ပျောက်အောင်အကျိုနာနာကျို(မီးအလယ်အလတ်နဲ့၁၅မိနစ်လောက်ဆိုရတယ်) ဟင်းရည်မှာပါအနံ့လေးပိုမွှေးချင် ဖာလာစေ့လေး ၂-၃စေ့ ပစ်ထဲ့ထားလိုက် (စားတဲ့အခါတော့မဝါးမိစေနဲ့) ပဲရည်အကျိုနာပြီဆို ပဲရည်ကျက်ပါပြီ
ပုံပါအတိုင်း ကြက်သွန်နီ (ဂေါ်ဖီ ပူစီနံ စတာတွေပါ) ရိတ်ရိတ်လှီး ထား (ဒီကတော့ပူစီနံကမကြိုက်လို့ထဲ့မစား ဂေါ်ဖီလှီးဖို့မေ့သွား)
ပြုတ်ထားတဲ့ကြက်သား ကြက်မြစ် ကိုက်ထား
ငြုပ်သီးစိမ်းကိုက်ထဲ့လို့လဲရသလို ကိုယ်ကတော့ ငြုပ်လှော်မှုန့်တမျိုး သာထဲ့စားတတ်သူပါ
အားလုံးစုံရင် ပွဲပြင် ပဲရည်ဆမ်းစား သံပုရာသီးလေးညှစ်
မွှေးမွှေးလေး ပေါ့ရင်ဆားထဲ့ အိန္ဒိယအစားအစားတွေမှာငံပြာရည်ထဲ့မချက်ကြမစားကြပါ..
#creditoriginaluploaded
