8 ပတ် - ဘာသာပြန်ပါ။

Part_1
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ
မှန်ကန်သည့် စိတ်သဘောထား
စစချင်း အဆင်မပြေသည့်တိုင် ဆက်လက်ပြောဆိုလိုသော ဆန္ဒရှိခြင်းသည် စကားပြောကောင်းသူတစ်ယောက် ဖြစ်လာရေးအတွက် အခြေခံ ကျသည့် အချက်တစ်ခုဖြစ်သည်။ မီယာမီ၌ ပထမဆုံး စကားပြောဆိုပြီး နောက် ထိုသဘောထားဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ စကားပြောခွက်ကို မကြောက်တော့ပြီးနောက် ကျွန်တော့်၏ဘဝတွင် ကိစ္စနှစ်ခုကို ဆောင်ရွက် မည်ဟု သန္နိဌာန်ချခဲ့သည်။
(၁) ကျွန်တော်ဆက်လက်စကားပြောနေမည်။
(၂) ကျွန်တော်၏ စကားပြောနိုင်စွမ်းကို ကောင်းမွန်ရန် ကြိုးစားအားထုတ်မည်။
ကျွန်တော် ဘာလုပ်ခဲ့ပါသလဲ၊ အစစအရာရာလုပ်သည်။ နံနက်ပိုင်း အသံလွှင့်မှုများကို လွှင့်ထုတ်သည်။ ရာသီဥတု သတင်းများကိုလည်း လွှင့် သည်။ ညနေပိုင်း အားကစားသတင်းများကိုလည်း လွှင့်သည်။ စီးပွားရေး သတင်းများကိုလည်း အစီရင်ခံသည်။ သတင်းများကိုလည်း တင်ပြသည်။ မိန့်ခွန်းများပြောသည်။ တစ်ယောက်ယောက် နေမကောင်း၍ အနားယူလို လျှင် သူ့နေရာသို့ အစားထိုးဝင်ရောက်၍ နှစ်ခါအလုပ်လုပ်သည်။ ရသမျှ အခွင့်အရေးအားလုံးကို အမိအရချုပ်ကိုင်သည်။ ဖြစ်နိုင်သမျှအများဆုံး အသံ လွှင့်ရအောင် ကြိုးစားသည်။ ကျွန်တော်၏ အဓိကရည်ရွယ်ချက်မှာ အသံ လွှင့်သည့်လုပ်ငန်း၌ အောင်မြင်ရန်ဖြစ်သည်။ တက်ခ်ဝီလျံက သူလိုအပ် သည်ဟု ထင်သည့်အခါတိုင်း လေ့ကျင့်ခန်းများကို အပိုဆောင်း၍ထပ်လုပ် သည်။
သင်သည် စကားပြောသူ တစ်ယောက်အနေဖြင့် ဘောလုံးရိုက်သည့် လေ့ကျင့်ခန်းများကို ယူနိုင်သည်။ စာအုပ်များဖတ်ရုံသာမက သင်ကိုယ်တိုင် လုပ်နိုင်သည့် ကိစ္စများစွာရှိသည်။ မိမိ၏ အိမ်အနီးဝန်းကျင်၊ အခန်းဝန်းကျင် တွင် တစ်ယောက်တည်း ကျယ်ကျယ်လောင်လောင် စကားပြောနိုင်သည်။ ကျွန်တော်လည်း ထိုသို့ပြောဖူးခဲ့သည်။ မကြာခဏ မလုပ်သည့်တိုင် တစ်ခါ တစ်ရံ လုပ်လေ့ရှိသည်။ ကျွန်တော်တစ်ယောက်တည်း နေသဖြင့် နောင်အသံ လွှင့်သည့်အခါ ပြောမည့်စကားများကို ကြိုတင်ပြောလေ့ရှိသည်။ ထိုသို့ ပြောသည့်အတွက် မည်သို့မှ ရှက်ကြောက်စရာ အကြောင်းမရှိပေ။ အနီးနား၌ မည်သူမျှ ရှိမနေကြပေ။ တစ်ယောက်တည်းမနေလျှင်လည်း ထိုလေ့ကျင့်ခန်းကိုလုပ်နိုင်သည်။ အိပ်ခန်းထဲ ဝင်ပြီးသော်လည်းကောင်း၊ မြေအောက်ခန်းထဲ ဆင်းပြီးသော်လည်းကောင်း၊ ကားမောင်းနေစဉ်အခါ၌ လည်းကောင်း ထို လေ့ကျင့်ခန်းကို လုပ်နိုင်သည်။ ထိုသို့ဖြင့် စကားပြော ပို၍ကောင်းလာနိုင်သည်။
သင့်အနေဖြင့် မှန်တစ်ချပ်ရှေ့၌ မှန်ထဲကအရိပ်နှင့် စကားပြောနိုင် သည်။ လူအများရှေ့တွင် စကားပြောရန် လေ့ကျင့်လိုသူများ ဤနည်းကို အများအားဖြင့် သုံးလေ့ရှိသည်။ သို့သော် ထိုနည်းကို လူအများရှေ့တွင် စကားပြောသည့်အခါ၌သာမဟုတ်၊ နေ့စဉ်စကားပြောသည့်အခါ၌လည်း အသုံးပြုနိုင်သည်။ မှန်ထဲကအရိပ်ကိုကြည့်ပြီး စကားပြောခြင်းကြောင့် ထို အရိပ်နှင့် မျက်နှာချင်းဆိုင်သည့် အလေ့အထကို ရရှိနိုင်သည်။

#ဆက်ရန်ရှိ

image