9 ပတ် - ဘာသာပြန်ပါ။

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား
" ကိုယ် တကယ် မလုပ်ကြည့်သေးဘဲနဲ့
ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ "
တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘဝတွေမှာ
အုတ်နံရံကြီး ကာဆီးသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါတယ် ။
ဖြေရှင်းရန်နည်လမ်း မရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး ။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။ သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့် ။ ငါမတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့စမ်းသပ်ကြည့်ပါ ။
ကျောက်တုံးကျောက်ခဲ နှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်ပါသည် ။
#ဖေမြင့် #မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား

image