9 ပတ် - ဘာသာပြန်ပါ။

Spider-Man 4 အတွက် Anya Taylor-Joy ကို မျက်စိကျနေ

Anya Taylor-Joy အနေနဲ့ ၂၀၂၄ မှာတင် ရုပ်ရှင် franchise ကြီးနှစ်ခုဖြစ်တဲ့ Dune: Part 2 နဲ့ Furiosa: A Mad Max Saga မှာလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Marvel မှာဆိုရင်တော့ Fox ကထုတ်တဲ့ The New Mutants (202 ရုပ်ရှင်မှာလည်း Magik နေရာက ပါဝင်ခဲ့ပြီး နောက်ဆက်တွဲ Marvel projects တွေမှာတော့ ရှေ့မဆက်ခဲ့ပါဘူး။

ဒီရက်ပိုင်းထွက်လာတဲ့ ကောလဟာလတွေအရတော့ Marvel Studios ဘက်က Anya Taylor-Joy ကို Spider-Man စတုတ္ထမြောက်ရုပ်ရှင်က နေရာတစ်ခုအတွက် ထည့်သွင်းဖို့စဥ်းစားနေကြောင်း insider တစ်ယောက်ဖြစ်တဲ့ Daniel Richtman ကတစ်ဆင့် သိရပါတယ်။

Spider-Man ပရိသတ်တော်တော်များများကလည်း အရင်ကတည်းက Black Cat အဖြစ် fan cast တွေ ပြုလုပ်နေကြတဲ့ထဲမှာ အများစုထောက်ခံကြတာကတော့ Anya Taylor-Joy ကိုပဲဖြစ်ပါတယ်။ မျက်နှာအချိုးအစားတွေ၊ သရုပ်ဆောင်ပုံတွေကလည်း လိုက်ဖက်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေအများဆုံးဇာတ်ကောင်ကတော့ Black Cat ပါပဲ။ ဒါမှမဟုတ် Gwen Stacy ဖြစ်နိုင်တယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

ဟိုတလောကလည်း Anya Taylor-Joy ကို အသစ်လာမယ့် Fantastic Four: First Steps ရုပ်ရှင်မှာ မိန်းကလေးအသွင် Silver Surfer အဖြစ် ထည့်သွင်းမယ်လို့လည်း ကောလဟာလ ထွက်ခဲ့ပါသေးတယ်။ Marvel Studios ဘက်ကတော့ ဒီ သတင်း ၂ ခုနဲ့ပတ်သက်ပြီး ဘာမှအတည်ပြုထားခြင်း မရှိသေးပါဘူး။

ပရိသတ်တို့ရော Anya Taylor-Joy ကို ဘယ် ဇာတ်ကောင်နဲ့ လိုက်ဖက်မယ်ထင်လဲ။

Author: Anemoi
Image: Anya Taylor-Joy အား Black Cat အဖြစ် ပြုပြင်ထားသော ပုံ (via Unknown)

image