ပရိသတ်အကြိုက် ဖြည့်ဆည်းပေးခြင်း
ဒီ စီးရီးက ဘယ်လိုဖြစ်လဲဆိုတော့ Marvel fan တွေ ငတ်နေတဲ့ fan service တွေကိုလည်း ဖြည့်ဆည်းပေးချင်တယ်၊ တစ်ဖက်မှာလည်း woke နေတယ်ပေါ့နော်။ ဒါပေမဲ့ woke တာကိုပဲ fan service တွေ၊ character development တွေ နဲ့ ပြန်ကာသွားတယ်လို့ပြောရမယ်။
[Episode 1 မှ 10 အထိ Spoilers များ ပါဝင်မှာဖြစ်ပါတယ်။ မကြည့်ရသေးရင် Share ပြုလုပ်ထားပြီးမှ ဖတ်ရှုပါ။]
သဘောမကျတဲအပိုင်းကိုပဲ အရင်ပြောရအောင်၊ ဘာလို့လဲဆို ချီးကျူးစရာ နည်းနည်းများတယ်။ သဘောမကျတာကတော့ အားလုံးသိပြီးသားဖြစ်တဲ့ အရေးကြီးဇာတ်ကောင်တွေကို လိင်နဲ့ လူမျိုး ပြောင်းပစ်လိုက်တာပါ။ Dr. Curtis Connors (Lizard) ကို မိန်းကလေးပြောင်းလိုက်တာ၊ Norman Osborn (Green Goblin) နဲ့ သူ့သား Harry Osborn ကို လူမဲပြောင်းလိုက်တာတို့က သက်သက်ကြီး လုပ်ယူထားသလို ခံစားရတယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှတော့ Norman ရဲ့ design ကို အပြစ်မမြင်တော့ပဲ သဘောကျလာမိတာကတော့ အမှန်ပါ။
ကဲ.. ဟုတ်ပြီ။ ချီးကျူးခန်းစဖွင့်ရမယ်ဆိုရင် ဒီလောက်ကောင်းမယ်လို့ မထင်ထားတာပါ။ အစက ဒီ project ကို MCU က Spider-Man ရဲ့ origin ပုံစံလုပ်ဖို့ Marvel က စီစဥ်ထားတာပါ။ နောက်ဆုံး အခုလို MCU နဲ့ တော်တော်လေးဆင်တဲ့ alternate universe မှာ ဖြစ်နေတဲ့ပုံစံနဲ့ထွက်လာတာက ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ။ MCU Earth အတိုင်းပဲဆိုတော့ ဒီထဲမှာလည်း Civil War၊ Sokovia လို event တွေ မြင်ရမှာဖြစ်ပြီးတော့ MCU ထဲကပဲဖြစ်တဲ့ Dr. Strange၊ Iron Man၊ Daredevil တို့ကိုလည်း comic ဆန်ဆန်ပုံစံနဲ့ cameo မြင်ရမှာပါ။ ဒါက Marvel ပရိသတ်ကိုပေးတဲ့ fan service တွေပါပဲ။
World building ကလည်း တော်တော်လေး သဘောကျဖို့ကောင်းပါတယ်။ အဓိကကတော့ side characters တွေရဲ့ character development ပါ။ Nico၊ Harry နဲ့ Peter ရဲ့ friendship ကို မြင်ရတယ်။ Lonnie Lincoln (Tombstone) ရဲ့ ဇာတ်ကောင်ဆိုရင် Peter Parker (Spider-Man) နီးနီးလောက်ကို screentime ရတဲ့ထဲမှာပါပြီးတော့ သူ့ရဲ့ backstory ကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
Norman ရဲ့ သရုပ်မှန်ကို ဆွဲပြီးပြလာတာကတော့ မိုက်ပေမဲ့ Green Goblin ကို မမြင်ရတာကတော့ အားမလိုအားမရဖြစ်တယ်.. ဆိုပေမဲ့လည်း villain တွေ အရမ်းမများတာလည်း ကောင်းပါတယ်။ အဆုံးသတ်မှာ Doc Ock ကလည်း လက်တံတွေနဲ့ ပုံကြမ်းဆွဲနေပြီ၊ ကျန်ခဲ့တဲ့ Venom symbiote ကိုလည်း Norman က တွေ့သွားပြီ၊ အရှေ့မှာလည်း Rhino ကို နည်းနည်း tease သွားတယ် ဆိုတော့.. Season 2 သာ ဖြစ်လာခဲ့ရင် Sinister Six ကို တွေ့ရမလားပဲ။ Mistreo ကိုတော့ မျှော်မိတယ်။
ကဲ.. နောက်ဆုံး Spider-Man ကိုယ်တိုင်ကို ပြောပါမယ်။ Peter Parker ကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး (playful) ဖြစ်တဲ့ပုံစံနဲ့ မြင်ရတယ်။ ပြီးတော့ 'Silent Spider-Man' ကိုလည်း Episode 9 မှာ မြင်ရတယ်ပေါ့နော်။ Superhero တွေထဲမှာ ကြောက်ဖို့အကောင်းဆုံးအရာ ၂ ခု ရှိတယ်.. အဲ့တာ 'Silent Spider-Man' နဲ့ 'Smiling Batman' ပဲ တဲ့။ အမြဲတည်ငြိမ်တဲ့ Batman ရယ်ပြီဆိုရင် ဘေးကလူအသေပဲ.. ပြီးတော့ အမြဲအရွှမ်းဖောက်တတ်တဲ့ Spider -Man တိတ်ဆိတ်သွားပြီဆိုရင်လည်း အဲ့လူသေပြီ။ ဒါကြောင့် အဲ့အချိန် Tombstone သာ ဝင်မတားရင် Scorpion သေနေပါပြီ။ No Way Home က Tom Holland ရဲ့ Spider-Man၊ Green Goblin ကို သတ်လုနီးနီးဖြစ်ခဲ့တဲ့ scene ကိုတောင် အမှတ်ရတယ်။
Spider-Man ရဲ့ suits တွေက အစပိုင်းတော့ သဘောကျစရာကောင်းမှာမဟုတ်ဘူး။ Spider-Man ဖြစ်တာကလည်း မကြာသေးတော့ ဒါကနားလည်တယ်။ ပြီးတော့ နောက်ပိုင်း suit တွေမှာ Norman ရဲ့ tech နည်းနည်းပါတယ်ဆိုပေမဲ့ MCU က Tony Stark ပေးတဲ့ suit လောက် tech တွေ မများပေးထားတာက အဆင်ပြေတယ်ပြောရမယ်။ ဪ.. ပြီးတော့ မြင်ဖူးသမျှ Spider-Man တွေထက် 'Friendly Neighborhood' ပိုဆန်တယ်။ Pizza ဆိုင်က သူခိုးကိုဖမ်းပြီး ဆိုင်ရှင်ကိုပြန်လွှတ်ပေးဖို့ Spider-Man ကိုယ်တိုင် တောင်းဆို scene ဆိုရင် ရင်ထဲမှာကျန်နေခဲ့တာမျိုးပေါ့။ ဒါကမှ တကယ့် Spider-Man စိတ်ဓါတ်ပဲ။
ဒီ TV Series က မထင်ထားပဲနဲ့ တော်တော်လေး သဘောကျဖို့ ကောင်းနေတာပါ။ Spider-Man လို လူကြိုက်များပြီးသား ဇာတ်ကောင်ကို ထပ်တလဲလဲမြင်နေရတာတွေ ချန်ရစ်ပြီး ကမ္ဘာအသေးလေးတည်ဆောက်ကာ ပြသသွားတာက ချီးကျူးစရာပါပဲ။ အဆုံးသတ်မှာလည်း Spider-Man ဖြစ်ရတာက Spider-Man ကြောင့်ပဲဆိုတဲ့ loop ပုံစံနဲ့ ပြသွားတာက အတွေးသမားတွေအဖို့ ဦးနှောက်မုန်တိုင်းဆင်စရာပါ။
