MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားပြန်လည်စေလွှတ်ခွင့်ရ

ဖေဖော်ဝါရီ ၂၄

အလုပ်သမားဝန်ကြီးဌာနမှ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ပြန်လည်ခွင့်ပြုလိုက်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ MoU စနစ်ဖြင့်အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ပြန်တော့ခွင့်ပြုပြီ။ ဒါပေမယ့် ကန့်သတ်ချက်တွေတော့ များတာပေါ့။ သုံးနှစ်စာချုပ်ချုပ်ရင် သုံးနှစ်ပဲ။ ပိုနေလို့လည်းမရဘူး။ သတ်မှတ်ရက်ကျော်ရင် အေဂျင်စီက တာဝန်ယူရမှာပေါ့။ အဲဒါကိုပါ စာချုပ်မှာ လက်မှတ်ထိုးရတယ်"ဟု ထိုင်းပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်များအား ယာယီရပ်နားထားရာမှ ခြောက်ရက်အကြာတွင် ပြန်လည်ခွင့်ပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် နစက အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်များကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ပြုထားပြီး နှစ်နိုင်ငံ G to G ချိတ်ထားသည့် နိုင်ငံများကိုသာ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image