9 ပတ် - ဘာသာပြန်ပါ။

ငယ်ငယ်တုန်းကပေါ့ မတော်တဲ့ဖိနပ်တွေစီးပြီး
မရောက်သေးတဲ့ အချိန်တွေတွေးရင်း
လူကြီးဖြစ်ချင်ခဲ့တယ်။
အဲ့အချိန်တွေက
ကောင်းကင်ကြီးလဲ ပိုပြီးလှတယ်
ကြယ်တွေကလဲ ပိုပြီးလင်းတယ်
လေပြေတွေလဲ ပိုပြီးအေးတယ်
နေခြည်တွေလဲ ပိုပြီးနွေးတယ်။
ဘာမှလဲ မသိဘူး
သိစရာလဲမလိုတဲ့အချိန်တွေ ပြန်လွမ်းတယ်။ ။

#စာရယ်ကဗျာရယ်