9 ပတ် - ဘာသာပြန်ပါ။

အလုပ်သမားအေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေး သိန်း (၅၀ဝဝ)ထည့်ရန် မလိုကြောင်း MOEAF က ဖြေရှင်း

ဖေဖော်ဝါရီ ၂၄

အေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေး သိန်း (၅၀ဝဝ)ထည့်ရန်မလိုကြောင်း ရှင်းပြနေသော်လည်း သတင်းမှားများ ဆက်ထွက်နေသည်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ သိရသည်။

လက်ရှိတွင် အေဂျင်စီတစ်ခုလျှင် လိုင်စင်ကြေးအဖြစ် ငွေကျပ်သိန်း(၅၀ဝဝ)ထည့်ရမည်ဟု အလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ လိုင်စင်ကြေးကို ငွေကျပ်သိန်း(၂၅၀)သတ်မှတ်ထားပြီး ထိုင်း လိုင်စင်အတွက် သိန်း(၃၅၀)သတ်မှတ်ထားရာ လက်ရှိတွင်လည်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ “အေဂျင်စီတွေအကုန်လုံးကို လည်း အစည်းအဝေးလုပ်ပြီး ရှင်းပြပြီးပါပြီ။ အရင်အတိုင်းပါပဲ။ လက်ရှိအထိသည် ဘာမှအပြောင်းအလဲ မရှိသေးပါဘူး။ အခုလောလောဆယ်တော့ ထပ်တိုးဖို့တွေဘာ တွေလည်းမပြောသေးပါဘူး။ ဒါပေမဲ့ သတင်းတွေမှာ တော့ ပြောင်းတယ်ပြောင်းတယ်ဆိုပြီး တောက် လျှောက်တွေတက်လာတယ်။ အမှန်ကတော့ အစည်းအဝေး လုပ်တဲ့အချိန်မှာလည်း အဲဒါတွေဘာမှဆွေး နွေးတာမျိုးမရှိပါဘူး။ ဒီသတင်းကမဟုတ်ပါဘူး” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်မှု ခေတ္တဆိုင်းငံ့ထားရသည့်အချိန်၌ အဆိုပါသတင်းများကို အခြား‌အေဂျင်စီများမှ သတင်းဖွကြခြင်းမျိုးဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

“ဖေဖော်ဝါရီ (၁၅)ရက်က ဝန်ကြီးနဲ့ အမှုဆောင်တွေ အစည်းအဝေးပြီးတဲ့နေ့မှာပဲ အဲဒီသတင်းကို ဖွကြတာ။ တကယ်တမ်းတော့ အစည်းအဝေးမှာလည်း ဝန်ကြီးက သိန်း (၅၀ဝဝ) ဆိုတဲ့စကားကို လုံးဝမပြောပါဘူး။ ထိုင်းမှာရှိတဲ့ ထိုင်း‌‌အေးဂျင့်တွေက လိုင်စင်လျှောက်တာ ဘတ်(၅)သန်းသွင်းရတယ်ဆိုတာကို ပြောပြတာပါ။ မြန်မာပြည်အေဂျင်စီတွေက အဲဒီလောက်လည်း သွင်းစရာမလိုဘူး။ မှန်မှန်ကန် ကန်လုပ်ဖို့လိုတယ်။ ဝန်ကြီး ကတော့ အလုပ်သမားအကျိုးအတွက် ရည်ရွယ်ပြီးပြောတာ။ လိုင်စင်ကြေး ကို သိန်း(၅၀ဝဝ) ဘတ်(၅)သန်း နဲ့ ညီမျှတာ မျိုးသွင်းရမယ်လို့မပြောပါဘူး။ ထိုင်းဆိုရင် လိုင်စင်ကြေး များတယ်။ မြန်မာပြည်မှာကျတော့ အလုပ်သမားတွေ အလိမ်ခံရတယ်ဆိုရင် အေဂျင်စီတွေက ဘယ်လိုလျော်မလဲပေါ့။ အေဂျင်စီဆိုလည်း မကောင်းတဲ့ အေဂျင်စီကိုအရေးယူမယ်။ မှန်ကန်တဲ့အေဂျင်စီပဲ ထားမယ်။ ဒါမျိုးပဲပြောတာပါ” ဟု ၎င်းက ပြောသည်။

#centralnewsnaypyitaw

image