မခံချင်တဲ့စိတ်၊
တုံ့ပြန်ချင်တဲ့စိတ်ဟာ
လူတိုင်းလူတိုင်းမှာ ရှိတယ်။
ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ
တမင်တကာ အပြစ်ရှာပြောနေရင်၊
ကိုယ့်ကိုလိုက်ကဲ့ရဲ့နေရင်
တုံ့ပြန်ချင်တယ်နော်။
မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီးပိုတုံ့ပြန်ချင်နေတယ်။
စိတ်ကခိုင်းတယ်
မင်းပြန်ပြောလိုက်၊ မင်းကို
ဒီလိုလာပြောနေတယ်၊ ငြိမ်ခံနေမှာလား၊ ငြိမ်ခံမနေနဲ့ပြောပစ်လိုက်
လုပ်ပစ်လိုက်လို့ တိုက်တွန်းတယ်။
မာနတရားက ထပ်ဦးစီးရင်
သူလိုလူကများ ‘ငါ့’ကိုလာပြောနေတယ်။
သူကဘယ်လောက်ကောင်းနေ မှန်နေလို့လဲ?
ဘယ်လောက် တော်နေ တတ်နေလို့လဲ?
ဘယ်လောက်သိနေတာမို့လဲ? ပြောပလိုက်စမ်းပါ
ပြန်တုံ့ပြန်လိုက်လို့ တိုက်တွန်းတယ်။
ပညာဗဟုသုတ ဦးစီးတဲ့
အသိဥာဏ်က တားတတ်တယ်။
မင်း ပြန်လုပ်စရာ မလိုပါဘူးကွာ။
မင်းပြန်ပြောစရာမလိုပါဘူး။
သည်းခံတယ်ဆိုတာ ဘုရားကြိုက်တဲ့
သူတော်ကောင်းတို့ရဲ့အား။
ဒီလိုလူမျိုးကို ဒီလိုနည်းနဲ့
တုံ့ပြန်စရာ မလိုပါဘူးကွာ။
မင်းသည်းခံလိုက်ပါ။
ဒေါသထွက်နေသူကို
ပြန်ဒေါသထွက်တာဟာ
ပထမဒေါသထွက်သူထက် မိုက်မဲတယ်တဲ့
မင်းဒေါသမထွက်နဲ့.. သည်းခံလိုက်။ သည်းခံလိုက်။
မဟုတ်တာကို
မဟုတ်တာနဲ့ ပြန်တုံ့ပြန်စရာ မလိုဘူး။
သူဖြစ်စေချင်တဲ့အတိုင်း စိတ်တိုနေရမှာလား?
စိတ်ထဲထားမနေပါနဲ့။
ဒီလောက်အရေးမကြီးပါဘူး။
သူကဲ့ရဲ့တယ်ဆိုတာ တဒင်္ဂလေးပါ။
ကဲရဲ့တယ်ဆိုတာ
လူဖျင်းလူညံ့တွေ လုပ်တတ်တဲ့အလုပ်။
သည်းခံတယ်ဆိုတာ
သူတော်ကောင်းတွေကြိုက်တဲ့ အလုပ်။
ဘုရားကြိုက်တဲ့အလုပ်။
သူတော်ကောင်းတွေ
ချီးမွမ်းမယ့်အလုပ်ကိုပဲ လုပ်ပါ။
တုံ့ပြန်မနေပါနဲ့ကွာ…။
ဒီလောက် မလိုအပ်ပါဘူး။
ဒီလို အားပြိုင်နေတဲ့အခါ….
သူတော်ကောင်းတွေ
ချီးမွမ်းမယ့်အလုပ်ကိုပဲ
ရွေးပြီး လုပ်လိုက်ပါ။
စိတ်ထဲကနေ “တိုးတိုးလေးပြောနေပါ..
သည်းခံတယ်ဆိုတာ
သူတော်ကောင်းတို့ရဲ့အားတဲ့”
“သည်းခံတယ်ဆိုတာ
သူတော်ကောင်းတွေ
ချီးမွမ်းမယ့်အလုပ်”လို့….
ဒီလိုဆို သူများလိုက်ကဲ့ရဲ့နေလည်း
စိတ်ချမ်းသာသွားလိမ့်မယ်။
ပါရမီလည်း ဖြစ်သွားတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု့၊
ရင့်ကျက်မှု့၊ လေးစားမှု့တိုးလာတယ်။
တကယ်ဆို သူများတွေက ကိုယ့်ကို
(အပြုသဘောမဆောင်ဘဲ)
အပြစ်ပြောတာတွေဟာ
ကိုယ့်ကို ရင့်ကျက်လာအောင်
သည်းခံတတ်လာအောင်လုပ်ပေးနေတယ်။
ဒီလို တုံ့ပြန်ချင်တဲ့
စိတ်ကြောင့် ကိုယ့်အမှားပဲ
ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။
ကိုယ်ကမှန်နေသော်လည်းပဲ
ပြန်တုံ့ပြန်ချင်တဲ့စိတ်၊
မခံချင်တဲ့စိတ်ကြောင့်
သူ့အမှားဟာ ကိုယ့်အမှား
ဖြစ်သွားတတ်တယ်။
ကိုယ်က မခံချင်စိတ်နဲ့ လွဲမှားတဲ့နည်းနဲ့။

image