ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ မြန်မာနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှားဆို

ဖေဖော်ဝါရီ ၂၄

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက မြန်မာနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ နေပြည်တော်နဲ့ ရုရှား စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ တွေ့ဆုံမှုအပြီး ပြောဆိုခဲ့ပြီးနောက် အခုလို ထားဝယ်အထူးစီးပွါးရေးဇုန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရုရှားနဲ့ မြန်မာတို့ သဘောတူ လက်မှတ်ထိုးလိုက်တာပါ။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာလို့ သိရပါတယ်။

ရုရှားက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင် ပြုလုပ်ဖို့ ဆက်တိုက် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

#centralnewsnaypyitaw

image