9 w - Translate

နှစ်စီးလုံးကတော့ အင်ဂျင်အရွယ်အစားတူ၊ စွမ်းဆောင်ရည်မတိမ်းမရိမ်းနဲ့ စျေးကွက်ထဲမှာတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ two-door Sports တွေပဲ။

GR Supra ကတော့ ဂျာမန်ရေခြုံထားတဲ့ Toyota မို့ performance နဲ့ comfort ဖြစ်ဖို့ကို အချိုးကျကျဖန်တီးထားတဲ့ ကားတစ်စီး၊ handling ကောင်းကောင်းနဲ့ track-ready performance တစ်ခုကို ပေးနိုင်သလို အတွင်းခန်းမှာလည်း နောက်ဆုံးပေါ်နည်းပညာတွေအပြည့်နဲ့မို့ well-rounded ကောင်းတဲ့ Sports ကားတစ်စီးရဲ့ experience ကို ပေးနိုင်လိမ့်မယ်။

တစ်ဖက်က Nissan Z ကတော့ သူ့ရဲ့ retro-inspired ဒီဇိုင်းကြောင့်ပဲ classic sports ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်သလို အမြင့်ဆုံး NISMO variant မဟုတ်သည့်တိုင် GR Supra ထက်သာတဲ့ raw power တစ်ခုကို ခံစားနိုင်လိမ့်မယ်။

image