9 w - Translate

မြို့သားချဲပေါက်အသင်းက်ို အကြိမ် ၁၀၀ ခြေစွမ်းရလဒ်နဲ့ ဆုံးမပြီး ချန်ပီယံဆု သိမ်းပိုက်လိုက်တဲ့ တောသားပဲခူးအသင်း
==========================================================
FullTime : Manchester City 0 : 2 Liverpool
* ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ တောသားအသင်းနဲ့ ယခုရာသီမှာ ဝဲဆွဲနေတဲ့ နို့ဘူးအသင်းတို့ ထိပ်တ်ိုက်တွေ့ဆုံမှုမှာ ဧည့်သည် တောသားတို့ဟာ မ်ိမိတို့ရဲ့ အရှင်သခင် နတ်ဘုရားကြီး မိုဆာလာရဲ့ ခြေစွမ်းပြမှုနဲ့အတူ လူမိုက်နဲ့ငွေ အတူမနေတဲ့ နို့ဘူးအသင်းကို အနိုင်ရပြီး မသွားမီက ရောက်နှင့်သည်ဖြစ်တဲ့ ချန်ပီယံဆုကို သိမ်းပိုက်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
* တောသားတို့ဟာ ပထမပိုင်းပွဲချိန်အတွင်း မိုဆာလာနဲ့ ဆိုဘော့ဇ်ဆလိုင်းတို့ရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်ထားပြီးနောက်ပိုင်း နို့ဘူးအသင်းကို ဘောလုံးပေးကိုင်ပြီး အနိုင် ၃ မှတ်နဲ့ ချန်ပီယံဆုကိုပါ အိမ်အထိ သယ်ယူသွားခဲ့တာပါ။
* နို့ဘူးအသင်းကတော့ သန်းရာချီသုံးဖြုန်းထားပေမယ့်လည်း နဂိုမရှိလို့ နဂိုင်းမထွက်တာလို့ဆိုနိုင်ပြီး ဘောလုံးအပျက်ပေါင်းများစွာနဲ့ မိုးရေထဲမှာ ငိုကြွေးခဲ့ရပါတယ်။
* ရှူံးပွဲကြောင့် ရေနံမြို့သားအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရတက်မအေးရချိန် တောသားပဲခူးအသင်းကတော့ ချန်ပီယံဆုကို တရားဝင်ရရှိဖို့ ရာသီကုန်ထိ စောင့်စားနေရုံပဲ ရှိပါတော့တယ်။

image