9 w - Translate

Part-5
*ရိုးသားမှု
အသံလွှင့်လုပ်ငန်း၌ဖြစ်စေ၊ အသံလွှင့်လုပ်ငန်း မဟုတ်သည့် ပြင်ပ၌ ဖြစ်စေ ရိုးသားမှုရှိရန် လိုအပ်ကြောင်း မီယာမီကမ်းခြေ၏ နံနက်ခင်းတစ်ရက် တွင် သင်ခန်းစာရရှိခဲ့သည်။ အသံလွှင့်သည့် လုပ်ငန်း၌သာမက အခြားစကားပြောသည့် မည်သည့်နေရာ၌မဆို ရိုးသားသည့်အတွက် မည်သည့် အခါမျှ မမှားနိုင်ပါ။ အာသာဂေါ့ဖရီးက အောင်မြင်သည့် အသံလွှင့်သူ တစ်ယောက်ဖြစ်ရန် ရိုးသားမှုရှိရန်လိုကြောင်း ပြောပြခဲ့သည်။ မိမိ၏ သောတ ရှင်များ၊ ကြည့်ရှုသူများကို မိမိခံစားရသလို ခံစားရစေပြီး မိမိအတွေ့အကြုံကို ရရှိစေသင့်သည်။
မီယာမီ၌ပင် ရုပ်မြင်သံကြားရိုက်ကူးမှုတစ်ခု ပြုလုပ်သည့်အခါ ပထမ ဆုံးအကြိမ် ရေဒီယိုအသံလွှင့်စဉ်က တွေ့ကြုံခဲ့ရသည့် စိတ်လှုပ်ရှားမှုမျိုးကို တွေ့ကြုံခဲ့ရသည်။
ယခင်ကဆိုလျှင် ရုပ်မြင်သံကြားတစ်ခါမျှ လွှင့်ထုတ်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်ပင်လျှင် စိုးရိမ်စရာများ ဖြစ်လာခဲ့ရခြင်းဖြစ်သည်။ ရုပ်မြင်သံကြား ထုတ်လုပ်သူကလည်း ကျွန်တော်၏နေရာတွင်နေခိုင်း၊ ကိုယ်ချင်းစာခိုင်း သည်။ ကျွန်တော် စိတ်လှုပ်ရှားနေကြောင်း သူတို့ကို ပြောပြသည်။ ရေဒီယို ပေါ်၌ သူတို့ကို သုံးနှစ်ကြာပြောခဲ့သော်လည်း ရုပ်မြင်သံကြား၌ ယခု တစ်ကြိမ်သာ ပြောဖူးကြောင်း ပြောပြသည်။ ထို့နောက် ဆုံလည်ကုလား ထိုင်၌ ကျွန်တော့်ကို ထိုင်ခိုင်းကြောင်း ပြောပြသည်။
ထိုအခါ လူတိုင်းက ကျွန်တော်၏အခြေအနေကို သဘောပေါက်လာ သည်။ ကျွန်တော်လည်း ဆက်လက်ပြီး စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ ထို့နောက် ချောချောမွေ့ မွေ့ ပြေပြေပြစ်ပြစ် ပြောလာနိုင်သည်။ ရုပ်မြင်သံကြား ရိုက်သည့် ပထမည၌ပင် အောင်မြင်မှုရရှိခဲ့သည်။ ထိုသို့ အောင်မြင်မှုများ ရရှိခြင်းမှာ ကျွန်တော်စကားပြောနေသည့်သူများနှင့် ပတ်သက်၍ ရိုးရိုးသား သား ဆက်ဆံခြင်းကြောင့်ဖြစ်သည်။
ပုဂ္ဂိုလ်တစ်ဦးက မကြာသေးမီက မေးခွန်းမေးခဲ့ဖူးသည်။ “ခင်ဗျားဟာ NBC သတင်းဌာနခန်းမထဲကို လမ်းလျှောက်လာတယ်။ အဲဒီအခါ လူတစ်ယောက်က ခင်ဗျားကို ဆွဲခေါ်သွားတယ်။ စတူဒီယိုထဲက ကုလားထိုင် မှာ ထိုင်ခိုင်းလိုက်တယ်။ လက်ထဲကို စာရွက်အချို့ထည့်ပေးလိုက်တယ်။ ပြီးတဲ့အခါ ဘရိုကောကတော့ ဒီနေ့ နေမကောင်းဘူး။ အဲဒီတော့ မင်းပဲ သူ့နေရာဝင်တော့လို့ ပြောတယ်။ ချက်ချင်းမီးတွေထိုးပြီး စရိုက်ကြမယ်။ အဲဒီလိုဆိုရင် မင်းဘာလုပ်မလဲ” ဟု မေးခဲ့ဖူးသည်။

#ဆက်ရန်ရှိ

image