ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ဗာတီကန်ထုတ်ပြန်

ဗာတီကန်၊ ဖေဖော်ဝါရီ ၂၃

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ကျန်းမာရေးဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆိုးရွားလာကြောင်း ဗာတီကန်က ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် အောက်ဆီဂျင်ပေးထားရတယ်လို့ ဗာတီကန်က ပြောပါတယ်။ အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ပြီး အန္တရာယ်မကင်းဘူးလို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်က ရောမမြို့ရှိ ဆေးရုံမှာတက်ရောက်ခဲ့ပြီး ရက်အတန်ကြာ အသက်ရှူရခက်ခဲလာပြီးနောက်မှာ အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သွေးအားနည်းရောဂါနဲ့ဆက်စပ်မှုတွေကြောင့် သွေးသွင်းဖို့လည်း လိုတယ်လို့ ဗာတီကန်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနှစ်ဇွန်လအတွင်းမှာတော့ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုခံယူခဲ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်ကတည်းက အဆုတ်တစိတ်တပိုင်းကို ဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။ ရိုမန်ကက်သလစ်အကြီးအကဲအဖြစ် တာဝန်ယူစဉ် ၁၂ တာကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းရှိ ကတ်သလစ်ဘာသာဝင်တွေ စိုးရိမ်နေကြပြီး ဆုတောင်းမှုတွေ ပြုလုပ်နေကြကာ ဗာတီကန်ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးနေပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image