ရီးရယ်လ်နဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အဆင်သင့်ပဲလို့ ဆီမြွန်နီပြော
ဖေဖော်ဝါရီ ၂၃
အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မြို့ခံပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။
ဆီမြွန်နီက “ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲက ကြီးမားတဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကို ကျနော်သိပါတယ်”လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့ဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ကြိမ်စလုံး ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံရမယ့် ဒီတွေ့ဆုံမှုကတော့ အနိုင်၊အရှုံး ရလဒ် ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ပြီး အရေးနိမ့်တဲ့အသင်းဟာ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာရမှာပါ။
ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အတွက် မဲခွဲမှုမပြုလုပ်ခင်ကတည်းက ခရီးအဝေးကြီး သွားရမှာကို ရှောင်ချင်တဲ့အတွက် အသလက်တီကိုအသင်းနဲ့ တွေ့ဆုံချင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို ရီးရယ်လ်အသင်းက အိမ်ကွင်းကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို အသလက်တီကိုအသင်းက အိမ်ရှင်အဖြစ်ကျင်းပရမှာပါ။
ပထမအကျော့ပွဲစဉ်ကို မတ်လ ၅ ရက်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:besoccer
ပုံ - ရီးရယ်လ်အသင်းနဲ့ အသလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်
#ဘောလုံးသတင်းစုံ
