ဓါတ်သတ္တုဆိုင်ရာ သဘောတူညီချက် ယူကရိန်းသမ္မတကို အမေရိကန်ဖိအားပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းဓါတ်သတ္တုတွေကို အမေရိကန်က ဦးစားပေးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဝေဖန်မှုတွေနဲ့အတူ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာ ပေးအပ်ထားတဲ့ ဒေါ်လာဘီလီယံများစွာအတွက် ယူကရိန်းဟာ အမေရိကုမ္ပဏီတွေကို လျော်ကြေးအဖြစ် လုပ်ပိုင်ခွင့်ပေးရမယ်လို့ ဒေါ်နယ်ထရန့်က တောင်းဆိုနေတာပါ။

ယူကရိန်းကတော့ သူ့ရဲ့ သယံဇာတနဲ့ အရေးပါတဲ့ ဓါတ်သတ္တုတွေ တူးဖော်ရေးအပါအဝင် သဘောတူညီချက်အတွက် အပြန်အလှန်အားဖြင့် အမေရိကန်ဆီကနေ လုံခြုံရေးအာမခံချက်ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ထရန့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကတော့ ဇီလန်စကီးဟာ သောကြာနေ့မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ ပြောပါတယ်။ ရေတိုမှာ ယူကရိန်းအတွက်ကောင်းတယ်လို့ မိုက်ဝေါ့ဇ်က ပြောပါတယ်။

မကြာသေးမီကလည်း ဒေါ်နယ်ထရန့်ဟာ ဇီလန်စကီးကို အာဏာရှင်လို့ တံဆိပ်ကပ်ပြောဆိုခဲ့ပြီး ရုရှားနဲ့ စစ်ပွဲကို ယူကရိန်းက စတင်ခဲ့တာလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ပူတင်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ထရန့်ကတော့ သူသမ္မတဖြစ်ရင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရမယ်လို့ ကတိပြုထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေတယ်။

Ref:AFP
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image