9 ပတ် - ဘာသာပြန်ပါ။

စပိန် ကလပ် အသင်းတွေဆိုတာ ယူနိုက်တက် ကို
UCL မှာဖြစ်ဖြစ် ယူရိုပါ မှာဖြစ်ဖြစ်
စောက်ရှက်ခွဲနေကျ အသင်းတွေပါ။

အခုလည်း ယူရိုပါ ၁၆သင်းအဆင့် ရှုံးထွက်ပွဲမှာ
ဆိုစီဒက် နဲ့ ယူနိုက်တက် တို့ လာဆုံနေပါပြီ။

ဒီရာသီမှာ ယူနိုက်တက် အနေနဲ့ လုံးဝ ရုန်းကန်နေရတယ်ဆိုတာ အားလုံးလည်း သိပါတယ်။
ဒီတော့ ဆိုစီဒက် ကို နိုင်ပြီး နောက်တဆင့်တက်ဖို့ဆိုတာ တော်ရုံ မဖြစ်နိုင်ပါဘူး။

တခုရှိတာက ယူနိုက်တက် ဟာ ဒီရာသီမှာ နည်းပြ အပြောင်းအလဲ ဖြစ်ထားတာတောင် ဥရောပအဆင့်မှာ
ရှုံးပွဲမရှိတဲ့ တခုတည်းသော အသင်း ဖြစ်နေတဲ့ အချက်က
စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။ လက်ရှိချိန်ထိယူရိုပါလိဂ်ပြိုင်ပွဲကနေ ပေါင် ၁၈.၈ သန်းရရှိထားပြီး တခြားယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းတွေထက် ပိုမိုဆုကြေးရရှိထားပါတယ်။ အကယ်၍ ယူနိုက်တက်သာ ယူရိုပါလိဂ်ဖလားဆွတ်ခူးခဲ့ရင်တော့ ပေါင် ၃၅.၁ သန်းထိ ရရှိမှာဖြစ်ပါတယ်

image