9 ပတ် - ဘာသာပြန်ပါ။

#တာတေ
#မဖဲဝါရဲ့မဖဲဝါ

'သံသရာမှာ ကံကြမ္မာကို ရှောင်လွှဲလို့မရဘူး တာတေ'

"ဒီတော့မှ ငါသဘောပေါက်သွားတာ တာတေရေ။
ငါဟာ အရှင်လတ်လတ်ကြီး လူကနေသရဲဖြစ်သွားတာပဲဆိုတာကို သေသေချာချာသိသွားတာ
ငါ့မျက်နှာကိုစမ်းကြည့်တယ်။
ဟာ ဒါငါ့မျက်နှာမှ မဟုတ်တော့တာ။
ခေါင်းကလည်းအကြီးကြီး မျက်လုံးကလည်းပြူးပြူး ပါးစပ်ကလည်းကြီးကြီးနဲ့ ငါ သင်္ချိုင်းကုန်းမှာ ထိုင်ချလိုက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်မိတယ်။
သြော် ငါဟာ အင်းကတော်မဖဲဝါမဟုတ်တော့ဘဲ သရဲမကြီးမဖဲဝါဖြစ်နေတာပါလား။
ငါ့မောင်ကြီးရော ငါရော လူ့ဘဝကနေ သရဲဘဝကို အရှင်လတ်လတ် ကူးသွားကြတာပါလားလို့ ငါတွေးလိုက်မိတယ်။"

image