“ ကျွန်မက “ရေ” ပါ ။
ဒါပေမယ့်...
သောင်က နှောင့်ယှက်လို့ ကျိုးကျန်ခဲ့ရတဲ့
မြစ်ကျိုးအင်းထဲက ထွက်ပေါက်မဲ့ ရေမျိုး မဟုတ်ဘူး ။
ကောင်းကင်က ကျလာပေမယ့် လမ်းပျက်ချိုင့်ခွက်ထဲမှာ တင်ကျန်နေခဲ့ရင်း လမ်းသွားလမ်းလာ လူတကာ
ခြေဆေးသွားလို့ နောက်ကျိ ညစ်ပတ် ၊ ဗွက် ဖြစ်ပြီးမှ
ခမ်းခြောက်ရတဲ့ “မိုးရေ” မျိုးလည်း မဟုတ်ဘူး ။
ကျွန်မက ဟိုးအဝေးကြီးကနေ အရှိန်အဟုန်ပြင်းပြင်း
စီးဆင်းလာခဲ့ပြီးမှ ကြီးမားတဲ့ ခွန်အားအဟုန်မျိုးနဲ့ ကျောက်ဆောင်ကျောက်သား ချောက်ကမ်းပါးတွေကိုတောင် ရင်ဆိုင်ပွတ်တိုက် ထိခတ်ပွန်းပဲ့ ပြတ်ရှပြောင်းလဲနိုင်စွမ်းရှိတဲ့ ရေတံခွန်က “ရေ" ပါ ။ ”
ဘဝမှာအခက်ခဲနဲ့ကြုံတိုင်း လောကကို Give up လုပ်ချင်လာတဲ့အချိန် ဒီစာအုပ်ကအတွေးအမြင်တခုခုကိုရစေမှာပါ ။
Rape Caseနဲ့ပတ်သက်တာတွေ၊ ဥပဒေအကြောင်းတွေ၊ လူမှု့ဘဝမှာဖြစ်ပျက်နေတဲ့အမှန်တရားတွေ၊ လူချင်းတူသော်ငြားစိတ်ဓါတ်တွေမတူပုံတွေ ဒါတွေကိုမီးမောင်းထိုးပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ။
