9 ပတ် - ဘာသာပြန်ပါ။

Innisfree ကတော့ sunscreen အသစ်နဲ့
လက်စွမ်းပြလိုက်ပါပြီ🔥
Kbeauty sunscreen တွေက level တခုကိုရောက်နေပြီဆိုပေမဲ့ innisfree ကတော့ တခြားသော brand တွေနဲ့ယှဥ်ရင် sunscreen ဘက်မှာ အနည်းငယ်နောက်ကျနေပါသေးတယ်။ လိမ်းရခက်တဲ့ texture, white cast ဆိုးဆိုးရွားရွားကျန်တာတွေကြောင့် innisfree က sunscreen တွေကို Nyi အပါအဝင် လူအတော်များများ သိပ်မကြိုက်ကြတာ တွေ့ရတယ်(သုံးလို့ကောင်းတဲ့ sunscreen တချို့တော့ ရှိတယ်နော်, နောက်မှ review လုပ်ပေးမယ်)။ သို့သော်လည်း ခု innisfree ကနေ အသစ်ထွက်လာတဲ့ sunscreen ကိုတော့ သူ့ရဲ့ essence texture နဲ့ hyaluronic acid 8မျိုးပါတဲ့အချက်ကို စိတ်ဝင်စားလို့ Nyi ဝယ်စမ်းဖြစ်ခဲ့ပါတယ်။ စာအရှည်ကြီးမဖတ်ချင်တဲ့သူတွေအတွက် spoiler ပေးရရင် ဒီ sunscreen က Nyi မျှော်လင့်ထားတာထက်ကို အများကြီးပိုကောင်းပါတယ်လို့။ ကဲ...ဝယ်ချင်တဲ့သူတွေ ဝယ်နိုင်ပါပြီ😉 အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဆက်ဖတ်ပေးပါ။
✅Alcohol free
❌Essential oil free
❌Fungal acne safe
ဆိုတော့ သူက chemical sunscreen အမျိုးအစားပါ။ Chemical UV filters 4မျိုးပါတယ်။ Hydrating အတွက် hyaluronic acid 8မျိုးနဲ့ glycerin ပါတယ်။ Brightening function အတွက် niacinamide နဲ့ vitamin c, soothing အတွက် panthenol, allantoin, madecassoside, chamomile, aloe vera နဲ့ heartleaf extract တွေထည့်ပေးထားတယ်။ Ingredients list ကိုကြည့်ပြီးတော့ essence texture လို့ ပြောထားပေမဲ့ alcohol မပါတဲ့ အချက်လေးကိုတော့ သဘောကျမိတယ်🧐
My Experience🧢
Sunscreen ကို လိမ်းပြီးခဏနေရင် မဲသွားတာ မှောင်ကျသွားတာမျိုး မကြိုက်ဘူးဆိုရင် ဒီ sunscreen ကို တော်တော်လေးသဘောကျလိမ့်မယ်။ 💧သူ့ရဲ့ texture က essence ဆိုပေမဲ့ biore uv essence လောက်မကျဲဘူး။ ဒါကလဲ သူ့မှာ alcohol မပါလို့လို့ မှတ်ယူလို့ရတယ်။ ပုံမှန် essence texture ထက် အနည်းငယ် creamy ဖြစ်တယ် ဆိုပေမဲ့ blend လုပ်ရလွယ်တယ်, အသားထဲစိမ့်ဝင်ဖို့ အတင်းပွတ်လိမ်းစရာမလိုဘူး, white cast လဲမကျန်ဘူး။ မျက်လုံးတဝိုက်လိမ်းရင်လဲ eye sting ဖြစ်တာမျိုး မတွေ့ရဘူး။အနံ့ကတော့ လာဗင်ဒါအနံ့ကိုမှ တခြား ingredient တွေပေါင်းထည့်ထားတဲ့အနံ့လိုမျိုး, အတိအကျမပြောတတ်ဘူး, ဘာပဲဖြစ်ဖြစ် အနံ့မဆိုးဘူးလို့တော့ ပြောလို့ရတယ်။
ဒီ sunscreen မှာ Nyi အကြိုက်ဆုံးအချက်က သူ့ရဲ့ finish ပဲ❣️ Dewy finish မကျ matte finish လဲမဟုတ်တဲ့ glowy finish မျိုးရတယ်။ ​Natural finish မျိုးတော့ မဟုတ်ပေမဲ့ ပြောင်ပြောင်ဝင်းဝင်းသိပ်သိပ်လေးနဲ့ natural ဆန်တယ်။ သူ့လိမ်းထားတဲ့အချိန်ဆို မျက်နှာက smooth & radiant ဖြစ်ပြီး နေရတာ သက်သောင့်သက်သာရှိတယ်။ လိမ်းပြီး အချိန်တခုကြာရင်လဲ အဆီပြန်လာတာ မျက်နှာကြီးမဲသွားတာမျိုး လုံးဝမဖြစ်ဘူး။
Hyaluronic acid 8မျိုးပါလို့ hydrating effect ကောင်းလားလို့မေးရင် တကယ်ကောင်းတယ်💦 Nyi ရဲ့ combination dehydrated skin တောင် သူတမျိုးထဲလိမ်းရုံနဲ့ လုံလောက်တဲ့ hydration ရတယ်။ Moisturizing ထက် hydrating ကို ဦးစားပေးတဲ့ sunscreen အမျိုးအစားဖြစ်တာမလို့ all skin types သုံးလို့ အဆင်ပြေတယ်။ Heavy ဖြစ်မှာ ချွေးပေါက်ပိတ်ပြီး အဖုထမှာမျိုး ပူစရာမလိုဘူး။ Sensitive skin တွေလဲ lavendar essential oil နဲ့တည့်ရင် သုံးလို့ရတယ်။ တခုရှိတာက Nyi ရှာကြည့်ရသလောက် ဒီ sunscreen က waterproof ဖြစ်မဖြစ် ဖော်ပြထားတာမျိုးမရှိလို့ ကိုယ်က ရေကူးရင်/beachမှာသုံးဖို့ sunscreen ရှာနေတာဆိုရင်တော့ not a good choice for you!
Who I recommend🧢
ဖြူဖြူဝင်းဝင်းသိပ်သိပ်လေးနဲ့ natural ဆန်တဲ့ finish မျိုး ပေးနိုင်တဲ့ sunscreen မျိုးရှာနေရင် ဒါလေး recommend လုပ်ပါတယ်။ All skin types ရာသီမရွေးသုံးလို့အဆင်ပြေမဲ့ sunscreen မျိုးပါ☀️ Innisfree ကတော့ ဒီ sunscreen နဲ့ နာမည်ကြီးဦးမယ် ထင်ပါတယ်။
Price & Where to buy🧢
Nyi ဝယ်တာတော့ 20ml ကို 8500ks ပေးရတယ်💸 Grace- Cosmetics ကဝယ်ပါတယ်။ Online shop တော်တော်များများမှာလဲ ဝယ်လို့ရလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
နောက်ရက်မှ ပြန်တွေ့မယ်နော်👋
Stay safe😘
With Much Love,
Nyi❤️
#innisfree
#innisfreehyaluronmoistsunscreen
#reviewbynyi
#nyipick
#nyipicksunscreen
#crd

image