9 w - Translate

နောက်ဘန်ပါမှာ လေထီးတပ်ထားရတဲ့ GTR ဆိုရင် ဘယ်လိုကားမျိုးလဲဆိုတာ သိကြမှာပါ အဲဒီလို Drag racing build တွေဆင်တဲ့ tuner ဆိုတာလည်း ဂျပန်မှာတော်တော်တော့ရှားပါတယ် CREWCH ဆိုတဲ့ tuning house ကတော့ GTR 35 တွေကို 2000 hp လောက်ထိတွန်းပြီး ပြိုင်ပွဲတွေပါ တွင်တွင်ကျယ်ကျယ်လုပ်နေနိုင်တဲ့ brand တစ်ခုပါ
အဲဒီ CREWCH ကနေ ဒီနှစ် TAS မှာ သူတို့ရဲ့ Drag ကားတွေနဲ့အတူ ထုတ်ပြလာတာကတော့ ပုံထဲမှာမြင်ရတဲ့ Nissan R36 Concept လို့ဆိုတဲ့ GTR 356C ပါပဲ
Design study အနေနဲ့ ထုတ်ထားတဲ့ One off creation show car ဖြစ်ပါတယ် Nissan နဲ့ဘာမှတော့မဆိုင်ပါ
ခပ်နိမ့်နိမ့် wing ၊ ဘန်ပါပျောက်နေတဲ့ open vented grille ၊ အိပ်ဇောနှစ်ပေါက် ၊ Diffuser နဲ့ Wheel fitment တွေကြောင့် Rear profile ကြီးကအထာကျပေမယ့် ရှေ့ရုပ်ထွက်ကတော့ တစ်ခုခုမှားနေတယ်လို့ခံစားရ‌ပါတယ်
ဘယ်လိုထင်ပါသလဲ ?
R36 ကို ဒီလို ပုံစံမျိုးတကယ်ဖြစ်လာစေချင်ပါသလား ?
35 GTR ရဲ့ Kit တစ်ခုအ‌နေနဲ့ဆိုရင်ရော လက်ခံနိုင်မလား ?
R35 ၊ JDM Skyline 400r တို့ကို 6 speed Manual ပြောင်းတာတွေ၊ Nissan Z ကို 280ZG ပုံစံ kit တပ်တာတွေကတော့ မဆိုးဘူးလို့ဆိုရမယ့် CREWCH ရဲ့ Project တွေပါပဲ

image