Samsung အနေနဲ့ Galaxy S20 Ultra ကနေ ဘက်ထရီ 5000 mAh ထည့်ပေးလာတာ အခု S25 Ultra အထိဆိုရင် ၆နှစ်ဆက်တိုက် ရှိခဲ့ပါပြီ။
Samsung ဖုန်းတွေမှာ ဘက်ထရီပိုင်းက ရင်မခုန်ရဆုံးအပိုင်းလို့ပြောရင်မမှားဘူး။ တခြားသော ဘရန်းတွေက ဖုန်းတွေအပြိုင်အဆိုင် ဘက်ထရီတွေတိုး၊ အမြန်အားသွင်းစနစ်တွေရှယ်ဖြစ်နေတဲ့အချိန်မှာ Samsung က လုံးဝ 5000+45W မှာ stuck ဖြစ်နေတုန်း..
တကယ်တမ်းကြတော့လည်း သူ့တို့ဖုန်းနဲ့ဘက်ထရီနဲ့က အားမခံတဲ့အထဲတော့မပါပြန်ဘူး။ ဒါပေမယ့် ခေတ်နဲ့အညီ ဘက်ထရီများများနဲ့ အားသွင်းစနစ် ပိုကြမ်းစေချင်ကြတာတော့ အမှန်ပါပဲ။
လတ်တလောမှာတော့ အခုအသုံးပြုနေတဲ့ lithium-ion ဘက်ထရီအမျိုးအစားကနေ silicon-carbon အမျိုးအစားကိုပြောင်းသုံးပြီး Galaxy S26 Ultra မှာ ဘက်ထရီတိုးပေးမယ်လို့ သတင်းတွေထွက်ထားပါတယ်။
ကျနော့်အမြင်တော့ 6000mAh + 65W အတွဲကို သုံးလာမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ Samsung ရဲ့65W adapter က ဈေးကွက်ထဲမှာ ရှိနေပြီးသားမလို့ပဲ။
တကယ်သုံးမသုံးကတော့ အခုချိန်မှာပြောဖို့ စောနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 5000 mAh ထက်ပိုတဲ့ ဘက်ထရီကိုမြင်ရဖို့ကတော့ ဖြစ်နိုင်ချေ အလွန်များပါကြောင်းပြောရင်း...
