9 ပတ် - ဘာသာပြန်ပါ။

လယ်ဝေးမြို့ သမိုင်းဝင်"ဆင်အုံကန်တော်ကြီး"
သက္ကရာဇ်၈၇၆ခုနှစ်တွင်ငနွယ်ကုန်းမြို့ ဆင်အုံကန်တော်ကြီး
ကျိုးပေါက်သဖြင့်တောင်ငူဘုရင်မင်းကြီးညိုသည်ဆယ်ဖို့ရန်
ကြွရောက်စဉ်၊ငနွယ်ကုန်းမြို့သူကြီးသမီးကိုတွေ့မြင်ရာမှစုံမက်သဖြင့် တော်ကောက်သည်။ထိုမိဖုရားမှ သားတော်တပင်ရွှေထီးကိုဖွားမြင်သည်။
လယ်တီပဏ္ဍိတဦးမောင်ကြီးရေးသောတပင်ရွှေထီးဝတ္ထုတော်ကြီးတွင် ကန်တော်ကိုဆည်ဖို့ရာတွင်ဆင်များဖြင့်ဝိုင်းအုံ
ကြောင့်ဆင်အုံကန်တော်ကြီးဟုတွင်ကြောင်းရေးသည်ကိုတွေ့ရသည်။ဆင်အုံကန်တော်မော်ကွန်းကိုလည်းဖော်ပြထားသည်။‌ေရှးစာဟု‌ေပြာ‌ေသာ်လည်းဆရာကြီး၏
လက်ရာဟုထင်ပါသည်။
"ရှစ်ရာခုနှစ်ဆယ်၊ခြောက်ခုဆွယ်သား၊မျိုးနွယ်သက္ကရာဇ်
ထိုသည်နှစ်ဝယ်၊ကြိုးထစ်ထစ်ဟုန်းဟုန်း၊စွေသွန်းချုံး၍
နွဲ့ကုန်းကန်ကြီး၊လွန်ခိုင်ဖြီးလည်း၊ရေစီးရေဝင်၊လွန်များဖြင်ကြောင့်၊အားအင်ယိမ်းနွဲ့ကျိုးပေါက်ခဲ့သော်၊တုမဲ့ဘုန်းဝှန်
တန်ခိုးလွန်သား၊တံခွန်ကေတု၊မြို့သစ်ပြုသည်
၊ဗာဟုသဟသ်၊သမ္ဘာမြတ်နှင့်၊လူနတ်မှီခို၊မင်းကြီးညိုလျှင်
လူဗိုလ်များစွာ၊သိမ်းသွင်းကာတည့်၊မဟာပြောင်မွန်၊စီးချွန်မားမား၊ဆင်တော်များနှင့်၊မြတ်ဖျားကိုယ်တိုင်၊လွန်ဖြီးခိုက်အောင်
ဘုန်းလှိုင်ကြည့်ရှု၊ဆည်ဖို့ပြုသော်၊မေရုနှိုင်းမိုး၊ကန်ပေါင်ရိုးမူ
ရေမိုးထန်ပြင်း၊သုန်သုန်ဆင်းလည်း၊ကန်မင်းဓလေ့
ပြကတေ့ဖြင့်၊မရွေ့တည်ခိုင်၊ယိမ်းမယိုင်ပဲ၊မဏ္ဍိုင်ကျောက်သား၊ကဲ့အလားဖြင့်၊အများပြည်သူ၊ကိုးရာမုလျက်၊ဖြီးထူပြည့်စုံ၊နယ်ဝှမ်းခြုံသည်၊ဆင်အုံကန်တော်မော်ကွန်းတည်း။
#ancient
#history
#culture
#heritage

image