9 w - Translate

#နိုင်ငံတကာသတင်း
◼အစ္စရေး၌ ဘတ်စ်ကားသုံးစီးပေါ် ပေါက်ကွဲမှုဖြစ်
အစ္စရေးနိုင်ငံ၊တဲလ်အဗစ်မြို့ တောင်ဘက် ဘက်ယမ်းဒေသတွင် ဘတ်စ်ကားသုံးစီး ပေါက် ကွဲခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့ က အ ကြမ်းဖက်တိုက်ခိုက်မှုဟု သံသယရှိကြောင်းဘီဘီစီ သ တင်းအရ သိရသည်။
အခြားဘတ်စ်ကားနှစ်စီးပေါ်တွင်လည်း ဖောက်ခွဲရေးပစ္စည်များတွေ့ခဲ့ရခြင်းကြောင့် ရဲ တပ်ဖွဲ့အင်အားအများအပြား ယင်းနေရာတွင် ရောက်ရှိနေပြီး မသင်္ကာသူများကို ရှာဖွေ နေကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။
ထို့နောက် ဖောက်ခွဲရေးပစ္စည်းများ ထောင်ထားခြင်းရှိ ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် တဲလ် အဗစ်မှ ဘတ်စ်ကားများ ၊ ရ ထားများ အားလုံး ကို ပြေးဆွဲမှု ခတ္တ ရပ်နားထားရန် သယ် ယူပို့ဆောင်ရေးဝန်ကြီး မီရီရီဂက်ဗ် က အမိန့်ပေးခဲ့သည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသော ရုပ်သံဖိုင်တွင် ရပ်နားထားသောဘတ်စ်ကားအနည်း‌ ဆုံးတစ်စီး မီးလောင်နေပြီး မီးခိုးလုံးများ ထွက်နေသည်ကို တွေ့ရှိရသည်။
လတ်တလောတွင် ထိခိုက်ဒဏ်ရာရသော သတင်း မကြားရသေးကြောင်း ရဲတပ်ဖွဲ့ က ပြော သည်။
တဲလ်အဗစ်မြို့တွင် နောက်ထပ်ဗုံးများ ရှာဖွေနိုင်ရေး ရဲတပ် ဖွဲ့ က ဆက်လက်၍ ပိုက်စိ ပ်တိုက်ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ရဲတပ်ဖွဲ့ပြော‌ရေးဆိုခွင့်ရှိသူ အာရေးဒိုရွန်က ပြောကြားပြီး မသင်္ကာဖွယ်ရာ ပစ္စည်းများ ၊ အိတ်များကို သတိထားကြရန် ၎င်းက ပြည် သူလူထုအား သတိပေးပြောကြားခဲ့သည်။
“ အကြမ်းဖက်သမားတွေက အချိန်မှားပြီး သတ်မှတ်သွားခဲ့တယ်ဆိုရင် တ ကယ်တော့ ကျွန်တော်တို့ ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။ ဒီလို ပြောဖို့‌ တော့ စော လွန်းပါ သေး တယ်။” ဟု ၎င်းက ဆက်ပြောသည်။
ငါးကီလိုဂရမ်လေးပြီး မ‌ပေါက်ကွဲသေးသော ပစ္စည်းတစ်ခုတွင် ‘တူလ်ကာ ရန်မှ လက် စား ချေမှု’ ဟု စာသားကို တွေ့ရှိရကြောင်း အစ္စရေးသတင်းများက‌ ဖော်ပြခဲ့ရာ ယင်းမှာ အ နောက်ဖက်ကမ်းခြေတွင် အစ္စရေးစစ်ဘက် က မကြာမီကလုပ်‌ဆောင်ခဲ့သော အကြမ်း ဖက် မှုတိုက်ဖျက်စစ်ဆင် ရေးကို ရည်ညွှန်းခြင်းဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုများအား တုံ့ပြန်ရင်း အနောက်ဖက်ကမ်းမှ စစ် ဆင်‌ရေးများကို တိုး မြှင့်သွားရန် စစ်တပ်အား အမိန့်ပေးလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ် ဇ် က ပြောကြားသည်။
ယင်းဖြစ်စဉ်အားဝန်ကြီးချုပ် နေတန်ယာဟု ထံသို့ လည်း အချိန်နဲ့တစ်ပြေးညီ နောက်ဆုံး သတင်းများ ပေး ပို့နေကြောင်းလည်း ကာကွယ်‌ရေးဝန်ကြီးရုံးက ထုတ်ပြန်ပသည်။

image