9 w - Translate

ပြည်တွင်းသတင်း
နီပေါ-မြန်မာ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး ဆွေးနွေး
နီပေါ-မြန်မာ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော် စိုးဝင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေး (H.E. Mr. Harishchandra Ghimire) တို့က ဖေဖော်ဝါရီလ ၂၀ ရက်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

ဆွေးနွေးရာတွင် နီပေါခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ၂၁ ရက်မှ ၂၂ ရက်အထိ နီပေါသံရုံးမှဦးစီး၍ ကျင်းပပြုလုပ်မည့် မြန်မာ-နီပေါကုန်သွယ်မှုနှင့် ခရီးသွားကုန်စည်ပြပွဲ ၂၀၂၅ တွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍမှ ပူးပေါင်းပါဝင် ပြသနိုင်ရေး အတွက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တောင်တက်ခရီးသွားလုပ်ငန်းနှင့် ဘုရားဖူးခရီးသွားလုပ်ငန်း အကောင် အထည်ဖော်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားများ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ အပြန်အလှန် သွားလာလည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-နီပေါနှစ်နိုင်ငံ ခရီးသွားကဏ္ဍအတွင်းရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် သွားလိုတဲ့ အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာနနှင့် နီပေါသံရုံးတို့မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

image