9 ပတ် - ဘာသာပြန်ပါ။

ရွာတစ်ရွာမှာ ပြိုင်ဘက်ပါတီခေါင်းဆောင်နှစ်ယောက်ရှိတယ်..သူတိုက မီဆာနဲ့ ဆူရှီ ပဲဖြစ်ပါတယ်

မီဆာ ဆိုတာက သူ့အဖေရှန်ကာလက်ထက်ကတည်းက ဒီရွာလူထုအပေါ်ဗိုလ်ကျစိုးမိုးပြီး မကောင်းမှုမှန်သမျှ‌ဇောက်ချလုပ်လာတဲ့ လူဆိုးကြီး

တစ်ဖက်ပါတီခေါင်းဆောင် ဆူရှီ ကတော့ သမာသမတ်ကျကျယှဉ်ပြိုင်တဲ့လူကြီးပေါ့

ဒီလိုနဲ့ မဲဆွယ်ကာလအတွင်း ရုတ်တရက်ဆိုသလိုလူသေမှုတွေဖြစ်လာတယ်..သေတဲ့လူအများစုက "မီဆာ"ရဲ့လူတွေဖြစ်နေတယ်

ဒီတော့ မီဆာက ဒါဟာ ဆူရှီ လက်ချက်ဖြစ်တယ်လို သေချာပေါက်ယူဆကာ သတင်းလွှင့်ပြီး ပြန်လုပ်ကြံဖို ရည်ရွယ်ထားတယ်

ဒီလိုနဲ့ လူသေမှုနှစ်ကြိမ်ဖြစ်လာချိန်မှာ
ဒါကိုစုံစမ်းဖို ရဲအရာရှိတစ်ယောက်လွှတ်လိုက်တယ်

အဲဒီရွာကို စေလွှတ်ခံရတဲ့အရာရှိရဲ့အထက်အရာရှိက မီဆာနဲ့ အချိတ်အဆက်ရှိတယ်

ဒီတော့ မင်းလူသေမှုနှစ်ခုအတွက် ဆေးစစ်ချက်အစီအရင်ခံစာယူပြီးပြန်လစ်ခဲ့၊ ဘာကိစ္စမှဝင်မပါနဲ့ ဆိုပြီးလွှတ်လိုက်တာပေါ့

အရာရှိကလည်း ရွာရောက်တော့ ဝင်ပါစရာရှိတာလေးတွေဝင်ပါ‌ပေမယ့်လည်း အထက်ကအမိန့်ကိုမလွန်‌ဆန်နိုင်ဘဲဆေးစစ်ချက်နှစ်ခုယူပြီးပြန်မယ်လုပ်နေတုန်းမှာပဲ တတိယမြောက်လူသေမှုထပ်ဖြစ်လာတယ်

#crd
#storymode

image