9 w - Translate

မိတ်ဆွေတို့ဒီအခိုက်တန့်ကိုမှတ်မိကြမယ်ထင်ပါတယ်
လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်မှာနှစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး အမ်ဘာပေကိုယ်တိုင်ပင်နယ်တီလွဲချော်ခဲ့ကာယုံကြည်မှုပျောက်ဆုံးပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့ရက်ပိုင်းခြားတွေပဲပေါ့
မက်ဒရစ်ပရိတ်သတ်တွေကိုယ်တိုင်အံံ့အားသင့်ခဲ့ရပြီးဒါအမ်ဘာပေလားလို့မေးယူရတဲ့အခြေနေတွေကိုရင်ဆိုင်ခဲ့ရကာတစ်ကမ္ဘာလုံးကစောင့်ကြည့်နေသူတွေအတွက်
အမ်ဘာပေဟာသားကောင်ဖြစ်ခဲ့တယ်၊သို့ပေသိ ယခုမျိုးဆက်ရဲ့အကောင်းဆုံးဆိုတာအငြင်းပွားဖွယ်မရှိကာလတစ်ခုသက်သေပြထားနိုင်ခဲ့သူဟာ သူချစ်သောအသင်းတွက်စိတ်မပျက်စေရဘူးလို့ထပ်လောင်းကတိပေးခဲ့ကာဝေဖန်သူတွေကိုဘီဘာလ်အိုနှင့်ပွဲမှာနောက်ဆုံးတစ်ကြိမ်ပျော်ခွင့်ပေးခဲ့တယ်
ဘီဘာလ်အိုနှင့်ပွဲပြီးနောက် ၁၇ပွဲပွဲထွက်ကစားခဲ့ကာ ၁၈ဂိုးသွင်း၊ ၃ဂိုးဖန်တီးနိုင်ခဲ့ပြီးရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲစုံသွင်းဂိုးဟာလည်း၂၈ဂိုးထိရှိခဲ့ပါပြီ၊ဒီကာလအပိုင်းခြားထဲဟက်ထရစ်နှစ်ကြိမ်ရရှိခဲ့ကာဥရောပမှာအကောင်းဆုံးအသင်းတစ်သင်းစာရင်းဝင်နေဆဲမန်စီးတီးအသင်းကိုအိမ်ကွင်း၊အဝေးကွင်းနှစ်ကျော့ပေါင်း ဟက်ထရစ်တစ်ကြိမ်နှင့်၄ဂိုးထိသွင်းယူနိုင်ခဲ့သေးတယ်

image