မက်ဆီကတော့ နုပျိုရွှင်လန်းနေဆဲ မက်ဆီပါပဲ။ ရာသီသစ်ကို အနိုင်သွင်းဂိုးတစ်ဂိုးနဲ့ အကောင်းမွန်ဆုံး စတင်နိုင်ခဲ့ပါပြီ။
မက်ဆီက ဒီမနက်မှာကစားတဲ့ CONCACAF ချန်ပီယံဖလား ပထမအဆင့်အတွက် ပထမအကျော့မှာ စပို့တင်းကေစီနဲ့ ကစားခဲ့ရပြီးတော့ ဒီပွဲစဉ်မှာ အနိုင်သေချာမယ့် တစ်လုံးတည်းသော ဂိုးကို သွင်းယူလို့ ပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီအတွက်တော့ အစကောင်းတဲ့ ရာသီလို့ဆိုရပါမယ်။ ပထမအကျော့အနိုင်ကြောင့်တော့ ဒုတိယ အဆင့်ကို တက်ဖို့အတွက် အားကောင်းသွားခဲ့ပါပြီ။ လာမယ့် ၂၆ ရက်နေ့မှာ ဒုတိယအကြော့ ကစားရမှာ ဖြစ်ပါတယ်။
