၂၀၂၅ ရဲ့ ပွဲဦးထွက် MCU ရုပ်ရှင် Captain America: Brave New World ကတော့ ရုံတင်ပြသခဲ့တာ ရက်သတ္တပတ်အကုန်ကို ရောက်ရှိလာခဲ့ပါပြီ..Rotten Tomatoes မှာတော့ ဝေဖန်ရေးသမားတွေရဲ့ Tomatometer အရ မှတ်ချက်ပေါင်း ၂၅၈ ခုနဲ့ ၅၀ ရာခိုင်နှုန်းသာရရှိထားပြီး ခရမ်းချဉ်သီးပုပ်နေတယ်လို့ပြောရမှာပေါ့..သို့သော် ပရိတ်သတ်တွေရဲ့ Popcornmeter အရတော့ ၈၀ ရာခိုင်နှုန်းနဲ့ လူကြိုက်များတယ်လို့ပြောလို့ရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က စတင်ရုံတင်ခဲ့တဲ့ Brave New World အနေနဲ့ ရုံတင်အပြီး ရက်သတ္တပတ်အဆုံး (၄ ရက်အကြာမှာ) ရုံတင်ဝင်ငွေစာရင်းစတင်အသက်ဝင်လာပြီဖြစ်ပြီး ပြည်တွင်းမှာသန်း ၁၀၀၊ ပြည်ပမှာ ၉၂ သန်းနဲ့ ကမ္ဘာတဝှမ်းစုစုပေါင်း ၁၉၂ သန်း ရရှိထားပြီဖြစ်ပါတယ်..ဒီရလဒ်တွေဟာ တာထွက်ကောင်းတယ်လို့ဆိုနိုင်ပေမဲ့ မားကတ်တင်းခမပါပဲ Brave New World ရဲ့ကုန်ကျစရိတ်ဟာ သန်း ၁၈၀ လောက်ရှိခဲ့တာမို့ မျှခြေချလိုက်ရင်တော့ အရင်းပြန်ကျေဖို့ အနည်းဆုံး ၄၂၅ သန်း လိုအပ်တယ် Deadline က ဖော်ပြထားပါတယ်။
ဒါ့အပြင် Brave New World အနေနဲ့ ပြည်တွင်းမှာ ရက်သတ္တပတ်အကုန်အတွင်း သန်း ၁၀၀ အထိရှာဖွေနိုင်ခဲ့တာဟာ အမေရိကရဲ့ President Day Weekend အတွက် ရုံအဖွင့်မှတ်တမ်းအရ စတုတ္ထမြောက်အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်..ထူးခြားတာကတော့ President Day Weekend အတွက် အများဆုံးရုံဖွင့်ခဲ့တာတွေကလည်း MCU ရုပ်ရှင်တွေပဲဖြစ်ပြီး Black Panther (၂၄၂ သန်း) ဟာ ပထမ၊ Deadpool (၁၅၂ သန်း) ဟာ ဒုတိယ နဲ့ Ant-Man and the Wasp: Quantumania (၁၂၀ သန်း) ဟာ တတိယ နေရာမှာရှိနေကာ အခုတစ်ခါမှာ Brave New World ပါ ထပ်ပေါင်းလာခဲ့ပါပြီ။

image