9 w - Translate

ဒေါပုံမြိုတွင် အမျိုးသားတစ်ဦး ဓား (၄) ချက်အထိုးခံရ၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်း (188/5 လွှာ လှေကားတွင် အမျိုးသားတစ်ဦး ဓား (၄) ချက်အထိုးခံရ၍ သေဆုံးမှုုဖြစ်ပွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက် ည ၉ နာရီ ၃၀ အချိန်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကို စစ်ဆေးရန်အတွက် မြို့ခံလူမှုကူညီရေးယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“အရက်သောက်ပြီး သူတို့ရန်ဖြစ်ကြတာဖြစ်မယ်။ လုပ်တဲ့သူကတော့ ခုထိမမိသေးဘူး။ ဓားထိုးခံရတဲ့ အမျိုးသားကတော့ ဓားဒဏ်ရာ ၄ ချက်ရပြီး သေသွားတယ်” လို့ မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ People Media သို့ ပြောသည်
အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ရန်ဖြစ်စကားများသည်ကို သိရှိရခြင်းမရှိသေးကြောင်း၊ သေဆုံးသည့် အမျိုးသားမှာ အသက်(၃၅) ဝန်းကျင်ရှိကြောင်း သိရသည်။

image