20 ပတ် - ဘာသာပြန်ပါ။

ငှက်ပျော ဆနွင်းမကင်း
☆☆☆☆☆☆☆☆☆
မရွှေပိုး ပေးတဲ့ ရွှေငှက်ပျောက ကြီးလွန်းလို့ ဒီတိုင်းစားတာ မကုန်ဘူး။ဒါနဲ့ အလကား မဖြစ်ရလေအောင် ငှက်ပျောဆနွင်းမကင်း ဖုတ်လိုက်တယ်။
(မရွှေပိုး ကျေးဇူးးပါ)

၁▪ငှက်ပျောသီး အခွံနွှာပြီးသား ၁ ပိဿာ
၂▪သကြား ၂၅ ကျပ်သား
၃▪ကြက်ဥ ၅ လုံး
၄▪ထောပါတ် ၅ ကျပ်သား(ကိုယ်က boss သုံးတယ် မထည့်လဲရတယ်)
၅▪ဆီ ၁၀ သား
၆▪နို့ဆီ ၁/၃ ဗူး
၇▪ဆား ၂ ဇွန်း လက်ဖက်ရည်ဇွန်း
(အားလုံးရောနယ် အကုန်ကြေပြီဆိုမှ)
၈▪ဂျုံ ၂၀ သားထည့်
နှံ့အောင် နယ်ထား
ဖုတ်မယ့်ဗန်းထဲ ဆီသုတ်ပြီး နယ်ထားတဲ့
မုန့်နှစ်ကိုထည့် ဘိန့်စေ့ဖြူးပေး
အပေါ်အောက် မီး ၁၆၀°C ဖြင့် မိနစ် ၇၀ ဖုတ်ပါ။
(မီးသွေးမီးဖိုနဲ့လဲ ဖုတ်လို့ရပါတယ်နော်)
#crd

image