9 w - Translate

၈ မိနစ်အတွင်း ၁၅ ရက်အထိ ရာသီဥတု ကြိုတင်ခန့်မှန်းပေးနိုင်တဲ့ Google ရဲ့ GenCast AI
====================================================

သဘာဝဘေးအန္တရာယ်ကြောင့် ကမ္ဘာအဝန်းမှာ နှစ်စဉ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြပါတယ်။ Google က အဲဒီလို အဖြစ်ဆိုးမျိုးတွေကို ကာကွယ်ပေးဖို့အတွက် AI ကို အသုံးချနေပါတယ်။ Google က ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တဲ့ GenCast AI ကို ကြေညာလိုက်ပါတယ်။

အဲဒီ AI က တော်တော် အစွမ်းထက်ပြီး ၈ မိနစ်အတွင်း ၁၅ ရက်အထိ ရာသီဥတု ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။ သမားရိုးကျ ရာသီဥတု ခန့်မှန်းတဲ့ စနစ်တွေမှာ စူပါကွန်ပြူတာတွေကို သုံးရင်တောင် နာရီများစွာ ကြာမြင့်ပါတယ်။

Google က GenCast ကို ဆယ်စုနှစ် ၄ ခုကြာ ရာသီဥတု ဒေတာတွေနဲ့ လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ GenCast ရဲ့ ရာသီဥတု ကြိုတင်ခန့်မှန်းတဲ့အခါ တိကျမှုက ၉၇. ၂ ရာခိုင်နှုန်းနဲ့ ၃၆ နာရီအတွက် ကြိုတင်ခန့်မှန်းမှုမှာ ၉၉.၈ ရာခိုင်နှုန်းအထိ တိကျပါတယ်။

Google က GenCast ကို အခမဲ့ အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ GenCast ကို အသုံးပြုပြီး သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်တဲ့အခါ အလွန် ထိရောက်မှာ ဖြစ်ပါတယ်။

image