9 w - Translate

ပြည်တွင်းသတင်း
ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှ အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်နေ့ရထားများ ပြေးဆွဲချိန် ပြောင်းလဲ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းမှာ ပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်အမြန်နေ့ရထားများဟာ ဖေဖော်ဝါရီလ ၁၇ ရက် မှစတင်၍ ပြေးဆွဲချိန်များကို ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။

အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီမှာ စတင်ထွက်ခွာပြီး နေပြည်တော် ဘူတာသို့ နေ့လယ် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ကာ မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

အမှတ်-၁၂ အစုန်နေ့ရထားဟာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော် ဘူတာသို့ နံနက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက် မှာဖြစ်ကြောင်း သိရပါတယ်။

လမ်းခရီးမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျှင် ရိုးရိုးတန်း ၁၁,၀၀၀ ကျပ်၊ အထက်တန်း ၂၁,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

image