UFC 314 နဲ့ 315 မှာ ပါဝင်လာမယ့် ရှယ်ကြမ်းမယ့်ခေါင်ပွဲများ။
UFC 314 ပြိုင်ပွဲကြီးမှာ ခေါင်ပွဲအနေနဲ့ Featherweight ချန်ပီယံဟောင်း Alexander Volkanovski နဲ့ ဖျော်ဖြည်မှူအသားပေးပြီးကစားတတ်သလို စွမ်းဆောင်ရည်ကောင်းတွေပြသထားတဲ့ ဘရာဇီးတက်လူဖိုက်တာ Diego Lopes တို့က Featherweight ချန်ပီယံခါးပတ်လုပွဲကစားကြမှာဖြစ်ပါတယ်။
Ilia Topuria အနေနဲ့လည်း Featherweight ချန်ပီယံခါးပတ််ကိုစွန်းလွှတ်ပြီး Light Weight တန်းကိုတက်ကာ နှစ်ထက်ကွမ်းချန်ပီယံဖြစ်ဖို့ Islam Makhachev နဲ့တစ်ခါတည်းတန်းပြီး တကယ်ပဲပွဲဖြစ်လာတော့မလား စိတ်ဝင်စားဖို့ကောင်းပါတယ်။
UFC 314 မှာ Comain Event အနေနဲ့ကစားသွားကြမှာကတော့ ခေါင်းကြီး Michael Chandler နဲ့ Paddy Pimblett တို့ပဲဖြစ်ပါဝာယ်။ ( 5 ) ချီပုံစံကစားသွားကြမှာဖြစ်သလို ခေါင်းကြီး Michael Chandler ရဲ့ပွဲဖြစ်လို့ ကြမ်းမှာတော့အသေအချာပါ။
Light Weight တန်းရဲ့ Ranking အမြင့်ပိုင်းကိုတက်ချင်တဲ့ Paddy Pimblett အနေနဲ့ Michael Chandler ကိုကျော်ဖြတ်နိုင်မလား စောင့်ကြည့်သွားရမှာပါ။
UFC 315 ရဲ့ခေါင်ပွဲကတော့ Belal Muhammad နဲ့ Jack Della Maddalena တို့ရဲ့ Welterweight ချန်ပီယံခါးပတ်လုပွဲပဲဖြစ်ပါတယ်။
Shavkat Rakhmonov အနေနဲ့ Ian Garry နဲ့ပွဲအပြီးမှာ Belal Muhammad နဲ့ မျက်နှာချင်းဆိုင်ပြီး Face Off တောင်လုပ်ထားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Shavkat Rakhmonov ရဲ့ ဒဏ်ရာပြဿနာကြောင့် ချန်ပီယံခါးပတ်လုခွင့် ထက်မံဆုံးရှုံးသွားခဲ့ပြန်ပါပြီ။
Belal Muhammad ရဲ့ ချန်ပီယံခါးပတ်ကိုလုခွင့်ရတဲ့ Jack Della Maddalena ဆိုသူက UFC အဖွဲ့အစည်းမှာ ရှုံးပွဲမရှိသေးပဲ ( 7 ) ပွဲကစားကာ ( 7 ) ပွဲစလုံးကိုအနိုင်ယူပြထားပြီး Gilbert Burns , Kevin Holland တို့ကိုအနိုင်ယူပြထားဖူးတယ်။ တက်လူ
ဖိုက်တာဖြစ်ပြီး Striking ပိုင်းမှာ အမှားနည်းကာ သပ်သပ်ရပ်ရပ်ကစားတတ်ပြီး အာရုံစူးစိုက်မှုကောင်းတဲ့ဖိုက်တာပါ။
ပွဲကစားရင် လက်ရှိချန်ပီယံ Belal Muhammad ကဝင်လုံးမှာ အသေအချာပါ။ Jack Della Maddalena အနေနဲ့ Takedown Defense ကောင်းကောင်းလုပ်နိုင်မှတော်ကာကျမယ်။ Defense ကောင်းကောင်းမလုပ်နိုင်ရင်တော့ လက်ရှိချန်ပီယံကအသာစီးရဖို့များတယ်။
UFC 315 မှာ Comain Event အနေနဲ့တော့ Valentine Shevchenko နဲ့ Manon Fiorot အမျိုးသမီး Flyweight ချန်ပီယံခါးပတ်လုပွဲကစားသွားကြမှာဖြစ်ပါတယ်။
Valentine Shevchenko ရဲ့ ခါးပတ်ကိုစိန်ခေါ်သူ Manon Fiorot ဆိုသူက UFC အဖွဲ့အစည်းမှာ ( 7 ) ပွဲကစားကာ ရှုံးပွဲမရှိသေးသလို ဖိုက်တာဘဝစုစုပေါင်း (13) ပွဲကစားပြီး (12) ပွဲနိုင်တစ်ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားတယ်။ Striking ပိုင်းအသားပေးကစားတတ်သူဖြစ်ပါတယ်။ Well Rounded ဖြစ်တဲ့လက်ရှိချန်ပီယံ Valentine Shevchenko နဲ့ပြိုင်ရုံးနိုင်မလားကိုတော့ စောင့်ကြည့်သွားရမှာပါ။
သူကြီး Dana White ကတော့ UFC 314 နဲ့ 315 မှာပါဝင်လာမယ့် ခေါင်ပွဲတွေနဲ့ Main Cards မှာပါဝင်လာမယ့် တွဲဆိုင်းတစ်ချို့ကိုလည်းချပြထားတယ်။ ဘယ်လိုတွဲဆိုင်းကောင်းတွေထက်ပြီးတော့ ဖြည့်သွင်းသွားမလဲစောင့်ကြည့်သွားကြတာပေါ့ဗျာ။
Photo Credit - UFC



