Shamil Erdogan က Aung La Nsang ကို ပထမအချီ ( 28 ) စက္ကန့်မှာတင် High kick နဲ့ပွဲသိမ်းနိုင်ခဲ့တယ်။
ပွဲစတာနဲ့ Aung La Nsang က အတင်းဝင်ပြီးတိုက် စစ်ကိုဦးဆောင်ကစားကာ အမြင့်ကန်ချက်နဲ့ပွဲစခဲ့တယ်။ Shamil Erdogan ကတည်ငြိမ်နေပြီး အမှားစောင့်နေပုံပါ။ Aung La Nsang ကအဝင်လောပြီး Counter High Kick မိကာ Knockout ကျသွားခဲ့တယ်။ ဒိုင်တားတာမစောဘူးလို့ပဲပြောပါရစေ။
ပွဲအပြီးမှာ Aung La Nsang က လက်အိတ်ချွတ်ပြီး နှုတ်ဆက်ဖို့အတွက်အင်တာဗျူးခွင့်ရဖို့စောင့်နေပေမယ့် အင်တာဗျူးခွင့်မရခဲ့သလို စာချူပ်သစ်လည်းရထားတဲ့အချက်ကြောင့် အနားယူဖို့သေသေချာချာမသိသေးဘူး။
လေ့ကျင့်ဖော်သူငယ်ချင်းဖြစ်သူ Martin Nguyen ကတော့ဖိုက်တာဘဝကနေ အပြီးအပိုင်နှုတ်ဆက်သွားခဲ့ပြီဖြစ်လို့ ကိုအောင်လအနေနဲ့လည်း နေဝင်ချိန်ကိုရောက်နေပြီမို့ အနားယူစေချင်မိပါပြီ။
Photo Credit - Aung La Nsang(Burmese Python)
