9 ပတ် - ဘာသာပြန်ပါ။

ဖော်ဝေး ဒိုင်ယာရီ မှ

ဩဂုတ် ၁ဝ၊ ၁၉၇၆ လူ့ပေါင်းသင်းဆက်ဆံရေးတရားတွေကို ငါ ခွာချလိုက်ချင်ပြီ။ ရေလိုက်ငါးလိုက်စကားလုံးထဲ ထိုးထိုးထောင်ထောင် ငါ တိုးဝင်နေရတယ်။ ကိုယ့်ကိုကိုယ်ဒေါသဖြစ်ရ၊ ရွံရှာမုန်းတီးရနဲ့ အသက်ရှင်ရတာလည်း မောလွန်းနေပါပြီ။
ဘာ့ကြောင့် တည်ရှိနေရမှန်း ငါတကယ်မသိပါဘူး။ ဒေါသကို ထွေးထုတ်လိုက်ရင်မျက်ရည်တွေပါ စီးကျသွားတော့မယ် ထင်တယ်။ နာမည်တစ်လုံးကို ထွင်းထုဖို့ ငါ သိပ်ပြီး ပျာယာခတ်နေခဲ့တာကလား။
ကဗျာဆရာတစ်ယောက်ဖြစ်ဖို့ ငါ့ရှိတာတွေ အကုန်ပေးတော့မလို့တဲ့။ ငါ့ကို ငါ ရက်ရက်စက်စက် ရိုက်နှက်နေတုန်း မင်းတို့ရဲ့ နလဗိန်းတုံး အပြုံးကို တွေ့လိုက်ရတော့။ ငါ့စိတ်က သိပ်တော့ မမှန်ဘူးပေါ့။
အစိမ်းလိုက်လည်း ဝါးစားပစ်လိုက်ချင်တယ်။ သိမ်သိမ်မွေ့မွေ့ရယ်မောပြီး ဥပက္ခောလည်း ပြုလိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင်တော့ မင်းတို့ကို ခေါင်းထဲ ခဏတဖြုတ် ဒေါသတကြီး ထည့်ထားလိုက်မိတာကပဲ ငါ့ညံ့ဖျင်းမှုပါပဲ။ ငါ့ထမင်းပန်းကန်ထဲက ပုရွက်ဆိတ်တွေကသူ့အစာကို ငါ လုစားတယ်လို့ယူဆချင်လည်း ယူဆပါစေပေါ့။ ငါလက်ဗလာနဲ့လျှောက်လာတုန်းက မင်းတို့အထုပ်အပိုးတွေကို တစ်စက်ကလေး တပ်မက်မှမရှိဘူးဆိုတာ
အချိန်က သက်သေပြပါလိမ့်မယ်။ ကဗျာဆရာ့လက်ပေါ်မိုးရွာချလိုက်တော့ တခြားလူတွေလို ပဲကြီးရေစိမ် တွန့်သွားပေမှာပဲ။ကဗျာဆရာ့နှလုံးသွေးကို ရှူရှိုက်လိုက်ရရင် ကိုယ်ခံအား ကောင်းဖို့တော့ လိုလိမ့်မယ်။

ဖော်ဝေး ဒိုင် ယာရီ မှ……

image