Galaxy S25 Series ကိုမြန်မာပြည် official အလုံးမဝင်သေးဘူးလားလို့ ခဏခဏမေးနေတဲ့ ဘော်ဒါတွေအတွက် သတင်းကောင်းပါ။ Galaxy S25 Series ကို မြန်မာနိုင်ငံမှာ ဝယ်လို့ရပါပြီ
ခုကြည့်ကြည့်သလောက် Galaxy S25 Ultra ကအရင် Galaxy S24 Ultra ထက်လည်း အများကြီးပိုမိုက်လာတယ် Design ပိုင်း အပြင်ပန်းအရ အရမ်းမကွာပေမယ့် Hand feeling ကိုင်ရတာပိုမိုက်သွားတယ် Frame တွေကော color တွေကော အရင်ထက်ပိုတောင့်ပြီး အရောင်သစ်မှာဆို လုံးဝ impression တစ်ခုရတယ် အဲ့အပြင် Camera ကတော့ ပြောစရာမလိုအောင် Global မှာလည်း review ကောင်းတွေရထားတာဆိုတော့ Mobile Creator တွေအတွက် အကြမ်းစား ကင်မရာနဲ့ AI Feature အစုံအလင်ပါရှိတယ် Galaxy S25 Series မှာပါလာတဲ့ Galaxy AI က အရင်ထက်ပိုမိုက်လာတာလို့ True AI Companion လို့ပါ တင်စားနေတာလည်းတွေ့မိတယ်.. အသစ်ပါလာတဲ့ Feature တွေထဲက Audio Eraser (Auto Trim) ဆို vlogger တွေအတွက် အတော်လေး အသုံးဝင်လိမ့်မယ် တခြားဖုန်းတွေေ မထည့်ပေးနိုင်သေးတဲ့ Function မျိုးပေါ့ Nightography video ဆို noise အတော်နည်းတာ ကျနော် သဘောအတော်လေးကျတယ် အကြိုက်ဆုံးကတော့ Doodle ပုံလေးတွေဆွဲပြီး AI နဲ့ပုံလေးတွေပါထည့်လို့ရတာ Display ပိုင်းကတော့ ကြည်တောက်ရှင်း Bezeless ကိုမှ Gorilla Armor 2 နဲ့ဆိုတော့ တော်ရုံ ပြုတ်ကျအေးဆေးပဲ Performance ကတော့ Snapdragon 8 Elite နဲ့ဆိုတော့ smoothness ပိုင်းသာတယ်
ဒီလိုမျိုး Android တွေရဲ့ AI King ကြီးကို ဝယ်မယ့်သူတွေအတွက် Double Storage အပြင် အခြား ခံစားခွင့်တွေနဲ့ ပြည်တွင်း အာမခံချက် အပြည့်အဝရရှိတာမလို့ ဝယ်မယ်ဆို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ Official Mobile ဖုန်းအရောင်းဆိုင်တွေမှာပါ စုံစမ်း ဝယ်ယူလို့ရပါတယ်။
